ဖြိုးဝေလင်း မော်ကွန်း ကိုဆေးရုံထဲကို ရောက်တဲ့အထိပွေ့ထားတုန်းဖြစ်သည်။
ဖြိုးဝေလင်း ရဲ့ စိုးရိမ်နေတဲ့ မျက်နှာကြောင့်သက်တော်စောင့်များကလည်း ဘာလုပ်
လို့ ဘာကိုင်ရမှန်းမသိဖြစ်နေကြသည်။
ဖြိုးဝေလင်း ရဲ့ ထိုပုံစံမျိုးကိုလည်း သူတို့အနေနဲ့ ဘယ်သောအခါမှ မမြင်ဖူးခဲ့ပါပေ။Nurse များကလည်းအကျိုးအကြောင်း မေးမြန်းကာအစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ ကုသဆောင်ဘက်ကို လမ်းပြ ကြသည်။ဒေါက်တာက မော်ကွန်း ကို
တင်ခိုင်း၍ ဗိုက်ကို ဖိနှိပ်စမ်းသပ်သည်။"ဒီနားကကော ဘယ်လိုနေလဲ ဒီဘက်ကရော
အောင့်လား ဒီနားကကော "မော်ကွန်းကတော့ ခေါင်းညိတ်ခေါင်းခါ
ဖြင့်သာပြန်ဖြေသည်။မျက်လုံးဝိုင်းဝိုင်း
လေးမှာလည်းမျက်ရည် ဥတွေတွဲခိုလို့
နေကြသည်။ပြီးနောက် ဒေါက်တာက
မနာကျင်စေရန်ဆေးတစ်လုံးထိုးပေး၍
ရေများများသောက်ခိုင်းသည်။အစာ
တော့မစားခိုင်းသေး။ဗိုက်အောင့်တာ သက်သာမှ အစာပျော့ပျော့စားဖို့လဲ
မှာကြားသည်။ထို့နောက်အန်ထွာစောင်း
ရိုက်ရသည်။ငိုရင်း ငိုရင်းမှ ပင်ပန်း၍ ထင်သည် မော်
ကွန်းနှစ်နှစ်ခြိုက်အိပ်ပျော်သွားလေသည်။
မော်ကွန်း အိပ် ပျော်သွားမှ ဖြိုးဝေလင်း
လဲ အိမ်ပြန်ကာခရီး သွားရန် အထုတ်
အပိုးများပြင်ဆင်ရသည်။အားလုံးပြီး
သွားမှ ဇေယျာတို့ သက်တော်စောင့်အဖွဲ့
ကို ခေါ်ကာကားသုံးစီးဖြင့် သူ့ကားက
ရှေ့ဆုံးကဦးဆောင်၍"သူရ ကျော်စွာဟိန်း အိမ်ကို မောင်း
မယ်"သူရ ကိုယ့်လျှာကိုယ်ကိုက်ပြီးတော့
သာသေလိုက်ချင်သည်။ဟိုမောင်း ယဒီမောင်းဆိုပြီးပါးစပ်လေးနဲ့ပြောတိုင်းသူ
ကအဲ့ဒီနေရာကိုသိမတဲ့လား။မသိရင်သူ
ကပဲ အကြားမြင်တွေရနေသလိုထင်နေ
တာတော့မဟုတ်လောက်ပါဘူးနော်။
တော်သေးသည် ဇေယျာက မောင်းရမဲ့တည်နေရာကို SNS ကနေပို့ပေး၍သာသူအသက်ရှူချောင်၍ သွားသည်။ခြံရှေ့ရောက်လျှင် လူခေါ် Bellကို အဆက် မပြတ်နှိပ်၍ ခြံစောင့်များမှဘယ်သူနဲ့တွေ့
ချင်လို့လဲလို့ မေးလည်းမဖြေပေ။ခဏ
အကြာဆူညံလွန်း၍ မိုးသူဇာအိမ်ထဲမှ
ထွက်လာတော့ သည်။
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanficဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar