part - 2

2.9K 121 2
                                    


ဖြိုးဝေလင်း  ဒီနေ့လဲ ထိုကျောင်းနားသို့ ရောက်ဖြစ်သည် ။အဲ့ဒါကလည်းထိုကောင်လေးရှိအုံးမလားဆိုတဲ့အတွေးနဲ့ဖြစ်သည်။အိမ်ကလာမကြိုရင်လဲထိုကောင်လေး
အဲ့နေ့ကလိုပဲ ရပ်နေဦးမှာလားဆိုတဲ့အတွေးတွေးမိသွားတာလဲပါသည်။

သွေးမတော် သားမစပ်ပါပဲနဲ့ ထိုကောင်လေးဆီ သူ့အာရုံရောက်ရောက်နေတာကဘာ
ကြောင့်များလဲ ဆိုတာသူကိုယ်တိုင်လည်း
နားမလည်နိုင်သေးပေ။

လက်ထဲက နာရီကိုကြည့်လိုက်တော့ကျောင်းဆင်းခါနီးနေပြီဖြစ်သည် ။သိပ်မစောင့်လိုက်ရပါ။ကျောင်းဆင်းလာကြသောလူအုပ်ကြားထဲမှ ရယ်ဖြဲဖြဲ ဖြင့်သူဒီမှာ ပါဆိုတာ လက်တွေနှင့် ဝှေ့ရမ်းပြနေသေးသည်။အနားရောက်တော့ဖြိုးဝေလင်း ကို ပြေးဖက်ပါ
လေရော...

"ဟက်ကလေး ဖြေးဖြေးလာမှပေါ့။ချော်လဲကုန်မှဖြင့် ခက်တော့တာပဲ"

မော်ကွန်း ကပြုံးဖြဲရင်း သူ့ကိုမော့ကြည့်လာသည်။

"ကျွန်တော်က ဦးဝေ ကိုလွမ်းနေတာ"

မော့ကြည့်နေသော သူနဲ့အရပ်သိပ်မကွာသော ထိုကလေးကပျော့ပျော့ပြောင်း
ပြောင်းရယ်ပါ။

"ဦးဝေ နဲ့မတွေ့ရတာ တစ်ပတ်တောင် ကျော်သွားပြီလေ ဟုတ်တယ်မလား"

"မင်းက ရက်တွေကို ရေတွက်ထားတာလား"

"ဦးဝေ ကရော ကျွန်တော့်ကိုမလွမ်းဘူးလား"

ဖြေးညှင်းစွာထွက်လာသောဖြိုးဝေလင်း
ရယ်သံသည်မငြင်သာသော်လည်း လှိုက်လှိုက်လဲလဲရှိသည်။

"ငါ့ကိုလွမ်းတာက ရေခဲမုန့်စားချင်လို့မဟုတ်ဘူးလား"

"ဟီးဟီး အဲ့တာလဲပါတာပေါ့"

ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတကျပြန်ဖြေ
ပုံက အလွန်ချစ်စရာကောင်းသည်။အသက်16 နှစ်ရှိတဲ့ လူကြီးကောင်
ဝင်နေတဲ့ထိုယောကျာ်းလေးကို အသက်
သုံးနှစ် အရွယ်ကလေးတစ်ယောက်လို့ထင်မြင်နေတဲ့သူက ရေခဲမုန့်နဲ့မျှားခေါ်တာ တခြားသူကြားရင်ရယ်စရာပင်။

"လူလည်လေး ။အခုကော အိမ်ကလာမကြိုဘူးလား"

"ဟုတ်တယ် ဖေဖေက ကိုယ့်အားကိုယ်ကိုး
နိုင်အောင်ကြိုးစားတဲ့"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now