part - 24

1.5K 87 5
                                    

မော်ကွန်း  အိပ်ယာနိုးလာတော့ တင်း
ထားတဲ့စိတ်တွေလျော့လိုက်လို့ထင်
သည်။လူကယိုင်နဲ့နေ၏။ဟိုကြည့်
ဒီကြည့်နဲ့ စူးစမ်းလိုက်တော့ အခန်း
ထဲမှာမည်သူမှရှိမနေ။ဒဏ်ရာကို
ဆေးထည့်ချင်သော်လည်း လက်က
မှီမှ မမှီပဲလေ။အချက်ပြခလုတ်က
အသံသဲ့သဲ့လေးကြားနေတာကြောင့်
တံခါးဝကို ရောက်အောင်လျှောက်
သွားပြီး ဖွင့်လိုက်တော့

"ဒေါ်လေး "

"သား ထမင်းလာမစားလို့ ဒေါ်လေး
လာခေါ်တာ သားကို "

ခေါင်းငြိတ်ပြပြီး ဒေါ်လေးနောက်က
နေသာတိတ်တိတ်လေး လိုက်သွားပြီး
အသင့်ပြင်ထားတဲ့ထမင်းဝိုင်းတွင်
ထိုင်ကာစားလိုက်သည်။ကျောဘက်
ကတစ်ချက်တစ်ချက်တော့ ဆစ်ခနဲ။ဒေါ်လေးမရိပ်မိအောင်နေရသည်မှာ
လည်းအခက်သား။

သူ့အပူကို ဒေါ်လေးကို မကူးစက်စေ
ချင်ပါ။ဒေါ်လေးသိရင် စိတ်မကောင်း
ဖြစ်နေအုံးမည် ။အမေမရှိတဲ့ သူ့အတွက်ကတော့ ဒေါ်လေးဆိုတာသူ့အမေလိုပါပဲ။ဘုရားဝတ်ပြုဖို့ အပေါ် ထပ်ကိုတက်သွားတော့မှ နာကျင်မှုကို ပါးစပ်ကရေရွတ်နိုင်သည်။

"အား... ကျွတ် ကျွတ် ကျွတ်"

ဦးဝေ ခန့်ထားသော အနက်ရောင်ဝတ်စုံ
ဝတ်ထားသည့်လူနှစ်ယောက်ကမော်ကွန်း အနားကို ရောက် လာပြီး အိမ်ရှေ့တွင်
လူတစ်ဦးရောက်နေကြောင်း ထိုသူမှာ
ကျော်စွာဟိန်းဖြစ်ကြောင်းပြောလာသည်။

"အင်း ဝင်ခွင့်ပေးလိုက်"

ထိုလူနှစ်ယောက်ကတော့ တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ကာ မသေချာ
မရေရာမှုတွေနဲ့ ဖြစ်ပျက်နေသည်။ကို
ကျော်စွာ ကတော့ နေအိမ်မီးလောင် ပြာ
ကျသကဲ့သို့ ရေးကြီးသုတ်ဖြာဖြင့်သူ့
အနားကိုတိုးကပ်လာပြီး .....

"မော်ကွန်း  အဆင်ပြေရဲ့လား
ဖြိုးဝေလင်း က ဘာပြောသေးလဲ။
မင်းကိုတစ်ခုခုလုပ်သေးလား"

မော်ကွန်း က ပြုံး၍ "အဆင်ပြေပါတယ်
အကိုရာ ။ဖေဖေရော အကို့ကို ဘာပြော
သေးလဲ"

"မင်းကို စောင့်ရှောက် ဖို့ပဲမှာတာပေါ့။
ဒါနဲ့အကိုနဲ့စေ့စပ်ဖို့ ကိစ္စကိုရော မင်း
ဘယ်လို သဘောရပြီလဲ"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now