အိပ်ပျော်နေသောမော်ကွန်းမျက်နှာကို
နေထိုးနေတာကြောင့် ကားကိုလမ်း
ဘေးချရပ်လိုက်ပြီး နေကာကိုဆွဲချ
လိုက်သည်။ဖြိုးဝေလင်း ဝမ်းကွဲတစ်
ယောက်ရဲ့ ရာထူးတိုးdinnerအတွက်မော်ကွန်း က လက်ဆောင် ဝယ်ချင်
သည်ဆိုသောကြောင့် သူတို့ Super
Marketကိုနှစ်ယောက်ထဲ လာခဲ့ခြင်းဖြစ်သည်။ဖြိုးဝေလင်း ကားပါကင်ထိုးပြီးတော့ မော်ကွန်း အတွက်ကားတံခါးဖွင့်ပေး
လာသည်။မော်ကွန်း ဖြိုးဝေလင်း
အနောက်ကလိုက်၍ Brand
ဆိုင်တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့်
ဦးဝေ၏ ဝမ်းကွဲဆိုသူအတွက်
သင့်တော်သည်ကို လိုက်ရှာဝယ်နေ
သည်။"ဖေကြီး "
ဖြိုးဝေလင်း သူ့ဘောင်းဘီကိုလာဆွဲ
ကိုင်သော ပေါက်စသေးသေးလေးတစ်
ကောင်အား ငုတ်ကြည့်လိုက်သည်။
ထိုကလေးလေးက သူ့အဖေနဲ့မိမိအား
မှားနေပုံရသည်။မော်ကွန်းက ကလေး
အားဦးဝေ စိတ်ရှုပ်သွားမည်ကို စိုးရိမ်
သွားပေမဲ့ဖြိုးဝေလင်းက ချက်ချင်းပြုံး
သွားပြီး ကောက်ချီလိုက်သည်။"ဟေး မင်းအဖေမှားနေပြီ "
ဖြိုးဝေလင်းက လုံခြုံရေးကိုပတ်ရှာ
လိုက်ပြီး ထိုကလေးအားအပ်လိုက်
သည်။သူတို့ ပြန်ခါနီးကျတော့
Super Market အတွင်းရှိ သီချင်း
ွသံအစား အမျိုးသမီးတစ်ဦး၏
ကြည်လင်စူးရှသောကလေး
ပျောက်ကြေညာနေသောအသံကို
သူတို့ကြားလိုက်ရသည်။ဒီနေ့က Company ပိတ်ရက်ဖြစ်တာ
ကြောင့် မော်ကွန်းတွင်ဘာလုပ်စရာ
မှရှိမနေပါ။အချိန်နီးလာတော့ သူရ
မောင်းသောကားနှင့် Dinner ကို
သူတို့ အတူတကွသွားကြသည်။
Dinner က ကြီးကြီးကျယ်ကျယ်
ပုံစံ မျိုးမဟုတ်ပဲ အိမ်ရဲ့ခြံဝန်း
အတွင်းမှာဖြစ်ပြီး ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်အချို့နှင့် မိသားစု
ဝင်များသာရှိကာနွေးထွေးသည့်
စတိုင်ဖြစ်သည်။Dinner တစ်လျှောက်လုံး မော်ကွန်း
နဲ့ ဇေယျာက ဖြိုးဝေလင်းအစား
သောက်ပေးခဲ့ကြပြီး လူမသိသူမသိ
မူးနေလေသည်။မော်ကွန်း အိပ်ယာ
နိုးလာတော့အိမ်ပြန်ရောက်နေပြီဖြစ်
ကာ ဘေးကိုစမ်းကြည့်ရာဦးဝေက
မရှိတော့ချေ။
![](https://img.wattpad.com/cover/256361050-288-k412740.jpg)
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar