ဖြိုးဝေလင်း အိပ်ယာနိုးလာတော့
ဟိုကြည့်ဒီကြည့်ဖြင့် ကြောင်တောင်
တောင်ဖြစ်နေရှာသည်။ရုတ်တရက်ဆို
တော့ သူမမှတ်မိတာလည်းဖြစ်သည်။
အခန်းတံခါးကို ကျောမှီလျက်ဖင်ထိုင်ရက်သားဖြစ်နေတာကြောင့်
အမြန်မတ်တပ်ထလိုက်သည်။သူဘာလို့ဒီနေရာမှာ ထိုင်ရက်အိပ်ပျော်
နေသလဲဆိုတာကိုတော့ သူအစကအံ့သြ
သလိုရှိနေပေမဲ့ တဖြည်းဖြည်းနဲ့ ဝင်ရောက်လာတဲ့မှတ်ဥာဏ်အပိုင်းစတွေ
ကြောင့် သူသတိရသွားသည်။"ဟုတ်သားပဲ ညတုန်းက ငါဒီမှာ အိပ်ပျော်
သွားတာ ပဲ"မှတ်မိတာနဲ့တစ်ပြိုင်နက် ထိုကောင်လေး
ကိုပါတွေးမိသွားတာကြောင့်အခန်းပြင်ကို ထွက်ကြည့်လိုက်သည်။ဆိုဖာပေါ်မှာပိုလိုးပက်လက် လန်ကာ မဆံမပြဲအရပ်အရှည်
ကြီး နဲ့ အိပ်ပျော်နေသောကလေးငယ် ကိုတွေ့တော့သူသနားရပြန်သည်။အစားအသောက်မှား ထား၍ဓာတ်
မတည့်မှုကြောင့်ဖြစ်ပေါ်နေသော
ခန္ဓာကိုယ်ပေါ်က အစက်အပျောက်
တွေနဲ့ နီနီထွေးထွေးကလေးဖြစ်နေကာ
တစ်မျိုးလေးချစ်စရာ ကောင်းနေပြန်
သည်။"ဟေ့ကောင် ဘယ်ချိန်ရှိနေပြီလဲ "
မော်ကွန်း က သူ့စကားသံကိုမကြား။
အိပ်မြဲတိုင်းသာဆက်အိပ်ပျော်နေသည်။"ငါပြောနေတာကြားလား "
ခြေထောက်နဲ့ကန်လိုက်သော်လည်း
မော်ကွန်း ကထမလာပြန်ပေ။"မင်းအခုမထရင် မင်းသေပြီပဲ "
လူပ်နိူး၍မရ ခြောက်နိူး၍မရသော
မော်ကွန်းကြောင့် သူ စိုးရိမ်တစ်ကြီး
ဖြစ်လာရသည်။"မော်ကွန်း … ကလေး…ပြောတာ
ကြားလားထတော့လေ"လုံးဝထမလာတဲ့အဆုံး နဖူးပေါ်
စမ်းကြည့်လိုက်တော့ မော်ကွန်း
ကကိုယ်တွေ ခြစ်ခြစ်တောက်ပူလို့
နေသည်။" ဖျားနေတာ ပဲ"
ဖြိုးဝေလင်းသတိအနေအထားနဲ့
ထရပ်လိုက်ကာ ညတုန်းက ချွတ်ထား
တဲ့ အဝတ်များကို ပြန်ဝတ်ပြီး အပြင်
သို့ထွက်လို့ Hotelအခန်းခ တို့အား
ရှင်းလိုက်သည်။ပြီးတာနဲ့ အခန်း
တွင်းပြန်ဝင်၍နိူးမရသောကလေးငယ်
ကို ပွေ့ချီကာလျှောက်လမ်းအတိုင်း
လျှောက်လာလိုက်သည်။ညတုန်းက
dinner က လူတစ်ချို့ အမူးလွန်၍
မပြန်ဖြစ်ကြပဲ သူ့လိုပဲ Hotelမှာရှိနေ
ကြသေးသည်။အသိတွေရော မသိတဲ့သူတွေရောက စူးစူးစမ်းစမ်းကြည့်ခြင်း
တွေကို သူသတိထားမိပေမဲ့ အခုအချိန်
မှာသူဒါတွေကို ဂရုမစိုက်နိုင်ပါပေ။
![](https://img.wattpad.com/cover/256361050-288-k412740.jpg)
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fiksi Penggemarဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar