ဖြိုးဝေလင်းလည်း မော်ကွန်းထွက်သွား
တာနဲ့ရုံးခန်းထဲမှာရှိသမျှ ပန်းအိုးတွေ
အကုန်ရိုက်ခွဲပစ်မိသည်။နံရံတွေကိုလည်း လက်သီးနဲ့ ထိုးမိသည်။အကြောင်းကတော့
သူမော်ကွန်းကို ကိုနာကျင်အောင် လုပ်မိ
လို့ပဲဖြစ်သည်။မော်ကွန်းနဲ့ပတ်သတ်၍
ထွက်လာသောသူ့ဒေါသကို သူမတားဆီးနိုင်သည်မှာအလွန်ဆိုးဝါးလှသည်။မော်ကွန က ငယ်ငယ်ထဲက အကြော
ဘယ်လောက်တင်းတယ် ခေါင်းကြောဘယ်လောက်မာတယ်ဆိုတာ သူမသိ
တာမဟုတ်။ဒါပေမဲ့ပြောင်းလဲသွားတဲ့
မော်ကွန်းရဲ့ပုံစံကိုသူလုံးဝမကြိုက်။
ဒါပေမယ့်လည်းမော်ကွန်း ဘယ်လိုပုံစံပဲပြောင်းလဲသွားပါစေ ။သူကတော့
ချစ်နေအုံးမှာကတော့ မပြောင်းလဲတဲ့
အမှန်တရားဖြစ်သည်။သူမော်ကွန်း
မျက်နှာကိုမြင်ယောင်လေလေ သူထွက်
သွားခဲ့တာကိုနောင်တရလေလေပဲ
ဖြစ်သည်။ပြီးတာနဲ့ ထိုင်ခုံမှာပြန်ထိုင်ပြီး သူနဲ့ မော်
ကွန်းရဲ့ရှေ့ဆက်ရမဲ့လမ်းကိုသူတွေး
နေလိုက်သည်။သေချာတာက ဒီကောင်
လေးကသူ့ကိုမချစ်တော့ဘူး။သူနာကျင်
ခဲ့ရတာကိုလည်းဂရုစိုက်ပုံမပေါ် သလို
သူလွမ်းနေသလိုလဲမလွမ်းနေခဲ့ဘူးဆိုတာကတော့သေချာသည် ။ဖြစ်ပုံကသူကပဲ
ချစ်နေပြီး သူကပဲခံစားနေခဲ့တာဖြစ်
သည်။ဟိုကသူ့ကိုအသားတောင်အထိ
မခံချင်သည်မှာသိသိသာသာပင် ။
ဖြိုးဝေလင်းတွေးနေတာနဲ့ပင် မွန်းကြပ်
လာကာ လက်ကသွေးစက်စက်ကျနေ
လျှက်တောင် နာကျင်ဖို့အသိလုံးလုံး ဝင်
မလာပေ။သူတစ်ယောက်ထဲအတွေးနယ်လွန်လိုက်
တာည 7:00တောင်ခွဲနေခဲ့ပြီ။သူလဲလက်
ဆွဲ အိတ်ကို ကိုင်ကာအောက်ထပ်ကိုဆင်း
လာတော့သူ့လက်ထောက်ဇေယျာ က
အဆင်သင့်စောင့်နေတာနဲ့ဇေယျာ့ ကို
ကားမောင်းခိုင်းကာ သူ့Uncle
အိမ်ကိုပဲသွားလိုက်သည်။Ring!!! Ring!!! Ring!!!
ဝင်လာတဲ့ ဖုန်းကို သူကိုင်လိုက်သည်။ထိုတော့မှ လက်ကနာလာသလိုလိုပင်။
"Hello ..."
"သား ပြန်ရောက်နေပြီဆို"
လေသံမှာ လုံးဝကိုအားအင်အပြည့်နဲ့ဖြစ်သည်။
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar