part - 17

2.2K 172 2
                                    


မနက်မိုးသောက်ယံ သို့ ရောက်သော်
ဘေးစားပွဲခုံပေါ်က နာရီကတာဝန်ကျေ
ပွန်စွာ အချိန်မှန်မှန်ထအော်လေပြီ။
ဖြိုးဝေလင်း  ထို အလန်းသံကို ထပိတ်
ပြီးအတင်းကုန်းရုန်းထကာ မျက်စိက
မဖွင့်အားသေးပဲရေချိုးခန်းထဲသို့ တန်း
ဝင်သွားသည်။

ကိုယ်​ပေါ်သို့ ရေပန်းမှ ရေများကျလာ
လျှင် ခေါင်းလျှော်၍ ခန္ဓာကိုယ်၏နေရာ
အနှံ့ကိုဆပ်ပြာဖြင့်ဆေးကြောသည်။

"အား... စပ်လိုက်တာ ..."

သူ ကျောပါကော့သွား၏။

"ကျောကုန်းက ဘာလို့ဒီလောက်ထိ
စပ်နေ ရတာလဲ..."

မှန်ရှေ့သို့သွားကာနောက်ကျောဘက်
ကို ကြည့်ရန်လုပ်တော့သည်။

"ဟင်... ဘာလို့ မှန်က ကွဲနေရတာလဲ"

တစ်ဆက်ထဲမှာပဲ ရေချိုးခန်းကိုသူ
သေချာလှည့်ပတ်ကြည့်လိုက်သည်။

"ဘေစင်ပါကွဲနေတာပဲ။ငါညက ဘာ​ဖြစ်
တာပါလိမ့်..."

ကွဲနေသော မှန်ချပ်တစ်ခုကို ကောက်၍
တဆစ်ဆစ်နာနေသောသူ့ နောက် ကျော
ကို ကြည့်လိုက်လျှင် ...

"ဟင် လက်သည်းကုတ်ရာတွေ..."

ငါညက ရန်ဖြစ်တာလား။လုပ်ကြံ ခံရ
တာလား။လုပ်ကြံတာပဲ ဖြစ်ဖြစ် ရန်
ဖြစ်တာ ပဲဖြစ်ဖြစ် ဘာလို့ငါ့ကိုလက်
သည်းနဲ့ ကုတ်ရတာလဲ။အဲ့ဒါကလည်း
ငါ့ကျောကုန်းကိုလေ။မကျေနပ်ရင်
မျက်နှာကို လက်သီးနဲ့ထိုးပေါ့။

တွေးလက်စကို မြန်မြန်ဖျက်ကာ
အခန်းပြင်သို့ထွက်လိုက်လျှင်အိပ်
ယာပေါ်မှာ စောင်ခြုံပြီးခွေခွေလေး
အိပ်နေတဲ့ မော်ကွန်း ကိုတွေ့
သွားသည်။

"ဟေး ထစမ်း။ဘာလို့ ...ငါ့အခန်းမှာ
လာအိပ်နေတာလဲ ။ကိုယ့်အခန်းကို
မြန်မြန် ပြန်..."

မော်ကွန်း သူပြောနေတာတောင်
နေရာမရွေ့ပဲတုတ်တုတ်တောင်မလူပ်
၍သူစိတ်မရှည်ပဲ ကောက်ချီလိုက်သည်။

ဟင် အဝတ် အဝတ်...အဝတ်လဲ ဝတ်
မထားဘူး။

"မင်း နေလဲမကောင်းသေးပဲနဲ့ ဘာလို့
အဝတ် ဝတ်မထားတာလဲ"

သူစမ်းရင်းစမ်းရင်းဖြင့် ဟင် အပေါ်ဝတ်
တင်မကဘူး အောက်မှာလဲ ဘာမှမရှိဘူး။
သူမော်ကွန်းကို အိပ်ယာပေါ်သို့ပြန်ချပေးလိုက်ပြီးကပ်စေးစေးဖြစ်နေသော
လက်ကို မျက်လုံးအကြည့်ကရောက်
သွားသည်။

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now