အစည်းဝေးစားပွဲခုံ အရှည်ကြီးရဲ့
ထိပ်ဆုံးတွင် ထိုင်နေသောသူသည်
လူတိုင်းလိုလိုရဲ့အာရုံကိုဖမ်းစား
ထားသည်။သူ စကားမပြောမချင်း
မည်သူတစ်ဦး တစ်ယောက်ကမှ
လည်းစကားမဆိုရဲသေးပေ။ထို့နောက်
အေးစက်တိတ်ဆိတ်နေတဲ့ အစည်းဝေး
ခန်းမ ကြီးကိုဖြိုးဝေလင်း က သူ့
အနောက် တစ်ဖက်တစ် ချက်စီတွင်
ရပ်နေသော မော်ကွန်း နှင့် သက်ဦး
ကို လက်ညိုးညွှန်လိုက်ကာ စကား
စလိုက်သည်။"သူတို့နှစ်ယောက်က ကျွန်တော့်ရဲ့
အတွင်း ရေးမှူးတွေပဲ။တစ်ယောက်
က ရုံးပိုင်းဆိုင်ရာနဲ့ အလုပ်ပိုင်းဆိုင်ရာ အတွင်းရေးမှူးဖြစ်ပြီး ကျန်တစ်
ယောက်ကတော့ ကျွန်တော့်ရဲ့ကိုယ်
ရေးကိုယ်တာ ကိစ္စတွေကိုစီမံခန့်ခွဲ
လိမ့်မယ်"ဖြိုးဝေလင်း ပြောစကားကြောင့်
အစည်းဝေးခန်းထဲရှိ လူအားလုံးရဲ့
ဝေဖန်သံ ဆူဆူညံညံများ ဖြစ်ပေါ်
သွားရသည်။"ဟင် …ဘယ် company က အတွင်း
ရေးမှူးကို နှစ်ယောက်ခန့်လို့လဲ? ??""အေးလေ သူ့ကိုယ်သူနိုင်ငံ ခြားပြန်
ဆိုပြီး လုပ်ချင်တိုင်းကိုလုပ်နေတော့
တာ"ထို့နောက်ဖြိုးဝေလင်း က ပြောလက်စ
စကားကိုဆက်ကာ"ကျွန်တော့် Uncleလက်ထက်က အတွင်း
ရေးမှူးကိုသက်ဦး ကိုလဲမဖြုတ်သလို
ကျွန်တော့်အတွက်အတွင်းရေးမှူးကိုလဲ
ကျွန်တော့်စိတ်ကြိုက်ခန့်လိုက်တယ်။အဲ့ဒါဘာများပြောစရာရှိသေးလဲ"ပြောစရာရှိလည်း ဂရုမစိုက်တာဟူသော
သူ့အပြုအမူတွေကလည်း သိသာနေ
လျှက်။ဘာအသံမှထက်ထွက်မလာ၍
ဖြိုးဝေလင်းနူတ်ခမ်းလူပ်ရုံမျှသာ
ပြုံးလိုက်ပြီး…"ကျွန်တော့်Uncleကားတိုက်မူဖြစ်
တုန်းက သတင်းတောင်မမေးနိုင်ဘဲ
project ပျက်သွားလို့ နစ်နာကြေး
တောင်းတဲ့ ရှယ်ယာရှင် တွေရှိတယ်
လို့ ကြားတယ်"အားလုံးမှ ရူးရူးရှဲရှဲနဲ့ ဖြစ်ကုန်ကြပြီး
တစ်ယောက်မျက်နှာကြည့်ကာ ပြော
စရာစကားများစွံ့အနေကြသည်။"အဲ့ဒီလူတွေ ရဲ့အမည်စာရင်းတွေ
ဒီကိုပေးအာအုံး ကိုသက်ဦး ရေ…"
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar