အချိန်မှန်မှန် ထမြည်တဲ့နိူးစက်ကလေး
ကိုပဲ ကျေးဇူး တင်ရမလား။ဒေါသထွက်
ရမလားပဲ။ညက မော်ကွန်းနဲ့အခြေအတင်
ဖြစ်ပြီး အိပ်ချိန်နောက် ကျခဲ့သည်မို့ သူ့မျက်လုံးတွေကအနည်းငယ် စပ်နေ
သည်။သူ Company သွားရအုံးမှာ မို့
အားယူပြီး ထဖို့လုပ်လိုက်ပေမဲ့ လက်
မောင်းတစ်ဖက်ကိုတင်းတင်းကြပ်ကြပ်
ဖက်အိပ်ထားတဲ့မော်ကွန်း ကြောင့်သူ
မလူပ်ရဲပဲမော်ကွန်းနိုးသွားမှာကိုစိုး
ရိမ်နေမိသည်။နာရီကို ကြည့်လိုက်တော့ 8:00ထိုးနေ
ပြီမို့ ရုံးချိန်က နောက်ကျနေလေပြီ။
ထို့ကြောင့်မော်ကွန်း ရဲ့ လက်ကို
အသာအယာဖြုတ်ကာ ရေချိုးခန်း
အတွင်းသို့သာ ဝင်ခဲ့သည်။သူ
အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့
လက်ဆွဲ အိတ်ကိုဆွဲကာ မွေ့ယာပေါ်မှာ
နှစ်နှစ် ခြိုက်ခြိုက်အိပ်နေသူကို နမ်း
ပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့သည်။"သားငယ် လေးရော…"
"အိပ်နေတုန်းပဲဒေါ်ကြီး..သူနိုးလာရင်
တခြားအစားအစာတွေမကျွေးနဲ့သိလား။ပျော့တဲ့အစားစာတွေပဲ ကျွေးပေးပါ။
ဆန်ပြုတ်ပဲတိုက်ပေးပါ""စိတ်ချပြီးတော့သာ company ကိုသွားတော့ ကျန်တာအားလုံး ဒေါ်ကြီး ကိုအပ်
ထားခဲ့""ကျေးဇူးပါ အဒေါ်"
သူခေါင်းငြိတ်ကာ ဒေါ်ကြီးကို ပြုံးပြ
နူတ်ဆက်ခဲ့ ပြီးကားဆီကိုသာ လှမ်းခဲ့
လိုက်တော့သည်။"သွားမယ် ဟိုကောင်လေး"
"ဟုတ်ကဲ့ Boss"
သူရကားမောင်းနေရင်းဖြင့် ဦးဖြိုးဝေလင်း ကို မသိမသာရော သိသိသာသာပါ ကြည့်
ဖြစ်နေသည်။အကြောင်းကတော့ ဒီနေ့
မှ Bossမျက်နှာဟာ ကြည်ကြည်လင်လင်
နှင့် ပြုံးနေချင်းကြောင့်ပင်။အရင်ကဆို
တစ်လောကလုံးရဲ့ အကြွေးရှင်လိုလို
သူ့လုပ်စာထိုင်စားနေရသလို မျက်နှာမျိုး
နဲ့ ဘာကိုမှအလိုမကျတဲ့ရုပ်လေ။Company ရောက်တာနဲ့ Bossရဲ့မျက်
နှာဟာအရင်တွေ့နေကျသူပုံစံထက်
တစ်ခြားတစ်ယောက် လိုပြောင်းလဲသွား
ခြင်းကြောင့် သူရ အံ့သြရပြန်သည်။
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanficဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar