part - 5

1.8K 94 2
                                    

မော်ကွန်း ပါးပေါ်ကမျက်ရည်ကို သုတ်
လိုက်ပြီး စိတ်ချပါဖေဖေဟုပြောလိုက်
လျှင် ဦးသစ်လွင်စိတ်ထဲဝမ်းသာအားရ
ဖြစ်ရသည်။သူ့သားလေးအရွယ်ရောက်
လာပြီ။ဖြိုးပိုင် ကလဲ သူတို့သားအဖ နှစ်ယောက်ကိုကြည့်ပြီးစိတ်ချမ်း​မြေ့ရသည်။

"ကဲ ဒါဆို ဖေဖေ company ကိစ္စလေးရှိ
သေးလို့ ပါပါးကို စိတ်ချမယ်နော်။ညနေစောင်းမှ သားကို ဝင်ခေါ်မယ်။ဟုတ်လား"

"အာ ပါပါး! ဟုတ်သားပဲ ပါပါးလို့ခေါ်ရမှာ။
ဖေဖေစိတ်ချ ဒါကသားရဲ့ ပါပါးအရင်းပါနော်"

အခေါ်အဝေါ်အသစ်အဆန်းတွေကြောင့် ဦးသစ်လွင်မှာမျက်လုံးပြူး မျက်ဆန်ပြူးနဲ့ဖြစ်သွားရသည်။

"ဘယ်လို ဘယ်လို မော်ကွန်း ...မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်"

"ပါပါး လေ "

"ဘာ...ပါပါး လဲ ။ပါပါးဆိုတာ ..ဘာလဲ။
ငါ့ကို အရင်လို ဖေဖေလို့ပဲ ပြန်ခေါ်စမ်း"

"အာ...ပါပါးကလဲ ပါပါးဆိုတာလဲဖေဖေပဲလေ။ဒယ်ဒီ Father ပါပါး ဖေဖေဆိုတာ
မကြားဖူးဘူးလား"

"ဟေးဟေး မလိုချင်ဘူး။အရမ်းခေါ်ချင်နေရင် အဲ့ကောင် ကိုသာ ပါပါးလို့ သွားခေါ်
ငါကမင်းအဖေက အဖေပဲ "

ဦးဖြိုးပိုင် က ဆက်ဆက်ထိမခံဖြစ်နေသော ဦးသစ်လွင်ကိုကြည့်၍ ရယ်သည်။

"ကဲ မင်းတို့သားအဖပဲ ရန်ဖြစ်နေလိုက်တော့ ငါတော့သွားပြီ။သားကလဲ ပါပါးကို မစနဲ့။ဒီက ပါပါးကလဲသားကို ရန်ထောင်မနေနဲ့ "

စကားအဆုံးမှာခေါင်းအုံးနဲ့ကောက်ပေါက်တာကြောင့်ဦးဖြိုးပိုင် ထွက်သွားသည်။အနောက်မှာတော့ ဦးသစ်လွင် ရဲ့ခေါ်သံများက ဟိန်းထွက်၍ ကျန်နေခဲ့သည်။

"ဟေ့ ကောင် ပြန်လာခဲ့စမ်း။ဘာပါပါးလဲ။မင်းကမှပါပါး ငါကအဖေကအဖေပဲ ကြားလား...ငါပြောနေတယ်လေ"

******

ဦးဖြိုးပိုင် company မှာ လုပ်စရာရှိသည်
များကို လုပ်ပြီး ညနေရုံးဆင်းချိန်ရောက်တော့ ဆေးရုံသို့ သွားမည်အလုပ် တူတော်မောင် ဆီမှဖုန်းဝင်လာသည်။

"Hello သား ပြော ..."

"Uncle သားကို မေ့နေတာမလား။
သားအခု ဘာတွေဖြစ်နေပြီလဲဆိုတာ
တောင်သိရဲ့လား"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now