ဖြူစင်သွယ် အိပ်ယာနိုးနိုးချင်းမျက်လုံး
ကို ချက်ချင်းမဖွင့်နိုင်ပေ။တစ်ကိုယ်လုံး
က ကိုက်ခဲနေပြီး ချာချာလည်နေသည်။
မျက်လုံးကိုချက်ချင်းမဖွင့်သေးဘဲ
အိပ်ယာရဲ့ဘယ်ညာကို လက်ဖြင့်လိုက်
စမ်းကြည့်နေသည်။"အားကျွတ် ကျွတ် ခေါင်းမူးလိုက်တာ။
ကိုကို ရောဘယ်မှာလဲမသိဘူး"ဘေးနှစ်ဖက်လုံးမှာဘယ်သူမှမရှိတာကြောင့် ချက်ချင်းထထိုင်လိုက်ပြီး မျက်လုံးတို့ကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။ခေါင်း
ကအရမ်းမူးနေပြီး မျက်ရိုးတွေပါ ကိုက်လာတာဖြစ်သည်။"ဒါ Hotelတော့မဟုတ်ဘူးပဲ။ငါနဲ့ကိုကိုနဲ့
က ဘာမှ မဖြစ်ဘူးလား""အားကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာကွာ။ရေချိုးဦးမှပါ"
အိပ်ယာပေါ်ကနေဖြည်းဖြည်းချင်းထကြည့်လိုက်တော့ လူကမိုက်ခနဲ ဖြစ်သွားသည်။
နှဖူးကလည်းစပ်ဖျင်းဖျင်းဖြစ်နေတာကိုသတိထားမိသွားပြီး စမ်းကြည့်လိုက်တော့
ထိမိတဲ့နေရာက ပိုပြီးတော့နာသည်။ထို့
ကြောင့်ထပ်မစမ်းတော့ဘဲ ကပ်စေးစေး
ဖြစ်နေတဲ့လက်တွေကိုသာကြည့်ကြည့်
လိုက်သည်။"ဟင် သွေး သွေး တွေ အား !!!! "
ဖြူစင်သွယ် အသံပြဲနဲ့ ထအော်၍
ဖိုင်လာယူသော မော်ကွန်း ထိတ်ထိတ်
လန့်လန့် ဖြစ်သွားရသည် ။ထို့ကြောင့်
ဦးဝေ အခန်းကိုသွားနေတဲ့ခြေလှမ်းတွေ
ကို ထိုအခန်းကိုဦးတည်လိုက်ရသည်။ဒေါက် ဒေါက် ဒေါက်
"ဘာဖြစ်တာလဲအမ။တံခါးဖွင့်ပေးလို့ရ
မလား။အမ အမ "တံခါးလာဖွင့်ပေးသော သွယ်၏ခန္ဓာကိုယ်တွင်အဝတ်များဖရိုဖရဲဖြစ်နေခြင်းကြောင့်
မော်ကွန်း မျက်နှာလွှဲလိုက်ရသည်။"အမ ဘာဖြစ်လို့လဲဗျ။အစောတုန်းက ကျွန်တော်ဒီအရှေ့ကဖြတ်သွားတုန်း
အော်သံ ကြားလိုက်ရလို့လေ။အဲ့ဒါ
တစ်ခုခု များဖြစ်နေလားလို့ ။ကျွန်တော်
ဘာကူညီပေးရမလဲခဗျ""အော် ဘာမှမဖြစ်ပါဘူး ။ဟိုလေတို့
ဝတ်ဖို့ အဝတ်လေးဘာလေး ရှာပေး
ပါဟင်။အဝတ်တွေကမြင်တဲ့အတိုင်း ညစ်ပတ်နံစော်နေပြီ။ပြီးတော့ တို့
ခေါင်းက ဒဏ်ရာအတွက် ဆေးနဲ့
အနာကပ်ပလာစတာရောပဲ ယူလာပေး"
![](https://img.wattpad.com/cover/256361050-288-k412740.jpg)
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar