part - 21

1.8K 92 0
                                    

ဒီနေ့တော့ မော်ကွန်း အလုပ်ပြန်ဝင်ရမှာဖြစ်သည်။ company မှာရာထူးသစ်ရ
ပြီးကတည်းက companyနဲ့ရန်ဖြစ်ထားသလားလို့လူမေးချင်အောင် ကိုမရောက်
ဖြစ်တော့။

" သွားမယ်လေ ဘာရပ်လုပ်နေတာလဲ"

"ဟုတ် ကဲ့ ဦးဝေ "

ကားခေါင်းခန်းတွင်မော်ကွန်း က ထိုင်၍အနောက်ခန်းတွင်ဖြိုးဝေလင်းက
ထိုင်သည်။

သူရကားကို စတင်မောင်းပြီဆိုတာနဲ့
မော်ကွန်း က အတွေး ဂယက်ထဲတွင်
မျောနေပြီဖြစ်သည်။သူ့မွေးစားအဖေ
နဲ့ မတွေ့ရတာကြာပြီ။ဂျပန်မှာ ကားတိုက်တယ်ကြားပြီးကတည်း ကလုံးဝအဆက်သွယ်ပြတ်သွားသည်။နောက်ပိုင်းမှာ
လည်း ဦးဝေ ဆီကဘာသံမှမကြားရ။
ပြောမလား ပြောမလားနဲ့စောင့်နေတာ တော်တော်တောင်ကြာနေပြီ ဦးဝေက
ပြောမလာပေ။

ဖေဖေနဲ့တွေ့ချင်ပါသည်လို့ပြောလိုက်
ရင်ဦးဝေ ကသူ့ကိုစိတ်ဆိုးမလား
မသိဘူး။ပြီးတော့ ကိုကျော်စွာနဲ့စေ့စပ်
ရမှာကိုလည်း ဦးဝေ ကသိနေသလား
မသိနေသလားလဲမမေးရဲ။သူ့ကိုမုန်းသွား
မှာ က​သူအရမ်းကြောက်မိပါ၏။ဦးဝေ
သူ့ကို မချစ်ရင်တောင်မှမမုန်းစေချင်ပါ။

သူရ ဒီနေ့ Bossနဲ့သူ့သူငယ်ချင်း ကို
ကြည့်ရတာ ထူးဆန်းတယ်လို့ထင်မိ
သည်။လူစားလဲထားသလိုပင်။အရင်က
မော်ကွန်း က Bossကို အရိပ်တကြည့်
ကြည့်နဲ့ နေပေမဲ့ Bossက လစ်လျှူရူ့တက် သည်။အခုတော့မော်ကွန်း က အသိစိတ်
လုံးဝလွတ်နေကာ Boss ကတော့  အရိပ်
တစ်ကြည့်ကြည့်နဲ့ပင်။

Company နားရောက်ခါနီးတွင် ဖြိုးဝေ
လင်းဆီကို ဖုန်းဝင်လာသည်။ဘာ
ကိစ္စလဲဆိုတာ သေချာမသိပေမဲ့ ဦးဝေ
ကတော့ company ထဲမဝင်ဖြစ်တော့မှာသေချာနေသည်။

"မော်ကွန်း ဒီဖိုင်တွေကို ထပ်စစ်ပေး
ပြီးတော့ ကိုသက်ဦး ကိုလေယာဥ်
လတ်မှတ် ပြင်ထားပါလို့ပြောလိုက်။
နောက်ပြီးဇေယျာ့ကို ကိုယ့်ရုံးခန်းထဲက
အံဆွဲထဲမှာရှိတဲ့ လတ်မှတ်ထိုးပြီးသား
စာရွက် စာတမ်းတွေ ပေးလိုက်"

ဦးဝေကတစ်ခုပြီးတစ်ခု တတွတ်တွတ်
ပြောက ကားတံခါးကိုဖွင့်သည်။ကား
ပေါ်ကဆင်းခါနီး တစ်ခုခုကိုသတိရသွား
ကာ သူ့ရဲ့လက်ကိုလှမ်းဆွဲကာ

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now