part - 23

1.5K 85 1
                                    

သူရ ဆေးရုံအပြင်ဘက်ကmini market
တစ်ခုကနေ သစ်သီးတွေဝယ်ပြီး ဆေးရုံခန်းထဲ သို့ ဝင်သွားလိုက်သည်။

"အော် သားသူရလဲ ပါလာတာလား"

"ဟုတ်ကဲ့  ဒီမှာUncleအတွက်
သစ်သီးတွေ "

"မလိုပါဘူးကွယ်။ကျေးဇူးအများကြီးတင်
ပါတယ်နော်။Uncle မရှိတုန်း မော်ကွန်း
ကိုလဲ စောင့်ရှောက် ပေးပါ"

မော်ကွန်း က မကျေနပ်သလို ကြည့်ကာ

"ဟာ ဖေဖေကလည်းသားက ကလေးလား"

"ဟုတ်တယ် သားက ကလေးစိတ်နဲ့ "

သူရက တဟားဟား နဲ့ရယ်တော့သည်။

ဦးဖြိုးပိုင် အခန်းပတ်ပတ်လည်ကိုကြည့်
ရင်း တစ်စုံတစ်ခုကိုရှာနေသည်။

"သား ကျော်စွာ ရော "

"သြော် သားတို့တည်းဖို့ သွားစီစဥ်
တယ်"

"အေး ဟုတ်ပြီ ။သားကို ဖေဖေနဲ့ပါးပါး
မပြောဖြစ်ခဲ့တဲ့ လျို့ဝှက် ချက်တစ်ခုရှိ
တယ်။သားပါးပါးကမပြောစေချင်ဘူး
လေ။နောက်တော့သား ပါးပါးဆုံးခါနီးမှာဖေဖေတောင်းဆိုလို့  ပြောပြဖို့ ခွင့်ပြုလိုက်တယ်။ဖေဖေကလည်း နောက်မှ နောက်မှ
နဲ့ မပြောဖြစ်ခဲ့တာ။အခုလိုအသက်
အန္တရာယ်နဲ့ ကြုံရတော့မှ ပြောပြမှဖြစ်
မယ်လို့ တွေးမိလာလို့လေ"

သူရ က ထဖို့လုပ်သော်လည်း  ဦးဖြိုးပိုင်
ကတားသော ကြောင့် အစအဆုံးသိခွင့်ရလိုက်လေသည်။

**************
တစ်ဖက်တွင်တော့ ဖြိုးဝေလင်း က
ခြံစောင့်နဲ့ သက်တော်စောင့်အများအပြား
ကိုခန့်လိုက်သည်။မော်ကွန်းကို ပြန်ခေါ်
ပြီးတာနဲ့ ထိုသူကို သူ အကျယ်ချုပ်ထား
လိုက်တော့မည်။

ပထမ project ကို မိသားစုပိုင် Cival
လုပ်ငန်းစု၏ Company နဲ့လုပ်မှာဖြစ်ပြီး
ဒုတိယ project ကို Uncle Companyနဲ့
ထိုင်းတွင်အတော်အသင့်စပြီးနေပြီ။ဟို
မိန်းမ ယုယတို့ company နဲ့လည်း တွဲ
မလုပ်ပါပဲ မိမိတစ်ဦးတည်းရပ်တည်မည်
ဖြစ်ပါ၏။

သူအလုပ်အရမ်းများ၍ စိတ်ဖိစီးကာ
မော်ကွန်းကိုလည်းစိတ်မချ၍ သူ့
အနောက်ကိုလည်း လူတွေလွှတ် ထား
ရသည်။

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now