တစ်လကြာသော်
အခုဆိုရင် မော်ကွန်းရဲ့နိုးထတဲ့ မနက်
တိုင်းကသာယာသည်။ သူချစ်ရတဲ့သူ
ရဲ့ မျက်နှာကို ကြည့်ရင်းနိုးထရသည်။
အချိန်တိုင်းစက္ကန့်တိုင်းကို သူချစ်ရတဲ့
သူနဲ့ အတူကုန်ဆုံးခွင့်ရသည်။သူ့အခန်း
ကိုအခုဆိုအဝတ်ယူတဲ့ အချိန်လောက်ပဲ
ဝင်ဖြစ်တော့ သည်။သူ company ထဲကို ဝင်တာနဲ့ လူတွေ
က သူ့ကို အရင်လို ရိုင်းစိုင်းစွာ မကြည့်ရဲတော့ပေ။ပြီးတော့သူ့အနားမှာလဲဦးဝေ
ကသူ့ရဲ့သက်တော်စောင့်တွေထားပေးထားသည်။ဦးဝေက အခြား company ခွဲတွေ
သို့မဟုတ် မိသားစုပိုင်Cival
Company ဆီသို့ သွားလျှင်ဒီ
company ကို သူ့ကို လက်လွှဲထား
ခဲ့သည်။မော်ကွန်း အခြားဠာနများ
၏ အချို့သောရာထူးများအတွက်
ဝန်ထမ်းအသစ်တွေကို အင်တာဗျူး နေသည်။ထိုအချိန်ကျော်စွာဟိန်း
ရောက်လာ၍ သူကခဏစောင့်ရန်
အချက်ပြလိုက်တာကြောင့် ကိုကျော်
စွာက ခေါင်းငြိတ်ပြကာ ခပ်လှမ်းလှမ်း
ကထိုင်စောင့်နေသည်။မော်ကွန်း အလုပ်
ကိစ္စတွေပြီးသွားတော့ ကိုကျော်စွာက
အနားကိုရောက်လာသည်။"မော်ကွန်း.. "
"အော် ကိုကျော်စွာ ဘာကိစ္စရှိလို့များလဲ "
"အလုပ်ကိစ္စနဲ့ လာတာ။ မင်းဒီဘက်မှာ
ရှိတယ်ဆိုလို့ လိုက်လာတာလေ""ကျွန်ေတာ့်ကို ပြောစရာ ရှိလို့လား "
"အင်း ကိုယ်နဲ့ စကားခဏပြောလို့
ရမလား""အင်း ရတယ်လေ "
မော်ကွန်း လည်း အလုပ်တွေကို
ကိုသက်ဦး နဲ့ ထားခဲ့ကာ ရုံးခန်းထဲသို့
ကိုကျော်စွာကို ခေါ်သွားလိုက်သည်။"မော်ကွန်း ကိုယ်မင်းကို ပြောထားတဲ့
ကိစ္စ လေ""ဟုတ် "
"မော်ကွန်း ကိုယ်နဲ့ လက်ထပ်မယ်
မဟုတ်လား""ကျွန်တော့်မှာ ချစ်ရမဲ့သူ ရှိနေပြီ။
အဲ့တာ ကျွန်တော်သူနဲ့ပဲ လက်ထပ်
ချင်ပါတယ်။အစ်ကို့ ပိုက်ဆံတွေကိုလဲ
ပြန်ဆပ်နိုင်အောင် ကျွန်တော်အခု
ကြိုးစားနေပါတယ် "
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanficဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar