part - 16

3.2K 100 1
                                    


မော်ကွန်း ဦးဝေကို ရေပတ်တိုက်ရန်
အဝတ်နှင့် ရေဇလုံများ ကိုယူကာ
အခန်းထဲသို့ ဝင်ခဲ့သည်။အခန်းထဲတွင်
ဦးဝေကစောင်ကို ခေါင်းမှစ၍ခြေ
ထောက်အထိ လုံခြုံအောင် ခြုံထား
သည်။ သို့သော်ငြိမ်​ငြိမ်မနေဘဲ စောင်အောက်တွင်တော့ အလူးအလဲလှိမ့်
နေသည်။သူထိုစောင်ကို ဖယ်လိုက်
လျှင် မျက်ရည်များစွာဖြင့် ကအိပ်
ယာခင်းများကိုကုတ်ခြစ်နေသည်ကို
တွေ့ရသည်။

"Boss ဘာဖြစ်လို့လဲဟင်"

"ဟင်း..... "

ဦးဝေက ရင်ဘတ်ကိုပွတ်လိုက်
လည်ပင်းကိုပွတ်လိုက်နဲ့ အိပ်ယာပေါ်
တွင်လူးလိမ့်နေသည်။

"ရင်ဘတ်ထဲကအောင့်နေတာလား။
ဗိုက်က နာနေတာလားဟင်"

သူ့ကုတင်ဘေးကမတ်တပ်နှင့် သူ့
မျက်နှာကမျက်ရည်တွေကို အဝတ်
စနဲ့ သုတ်ရန်ရွယ်နေသောမော်ကွန်း
ရဲ့ လက်ကို စောင့်ဆွဲ လိုက်လျှင်
သူ့အပေါ်သို့ ပြုတ်ကျလာလေသည်။
ဖြိုးဝေလင်း ၏ ရုတ်တရက်အပြု
အမူကြောင့်ဘာကိုမှ သေသေချာချာ
မစဥ်းစားနိုင်သေးပဲ သူမျက်နှာကိုသာ တွေတွေလေးစိုက်ကြည့်နေမိသည်။

လူချင်းအရမ်းနီးကပ်နေ၍ ဦးဝေ
ရဲ့ မူမမှန်ပဲ ပြင်းရှရှအသက်ရူသံတွေက
သူ့မျက်နှာကို အဆက်မပြတ်ရိုက်ခတ်
လို့နေသည်။ဦးဝေက သူ့ကိုရုတ်တရက်
စောင့်တွန်းလိုက်၍

"ပူတယ် ...ပူလိုက်တာ အရမ်းပူတယ်
ဟူး...ပူတယ်...ဟာ့"

စောင့်တွန်းလိုက်သည့်အရှိန်ကြောင့် ကြမ်းပြင်နဲ့ မိမိ မိတ်ဆက်မသွားရလေ
အောင်ကိုယ်ရှိန်သတ်ကာ ပူတယ်လို့
ပြော၍​အဝတ်များ ဆွဲချွတ်ပစ်နေသော
ဦးဝေကို သူဘာလုပ်ပေးရမယ်မှန်း မသိ
ချေ။အခန်းအတွင်းရှိ အဲကွန်းမှာ  လဲ19
ဖြစ်၍လုံး​ဝမပူသလို အရမ်းလည်းအေးခဲမနေပါ ဖွင့်ထားတာကြာပြီဖြစ်၍ ချမ်း
သောအဆင့်ရောက်အောင်ကို အခန်းထဲ
တွင်အေးနေပြီ သည်။

အရမ်းပူနေသော ဦးဝေကိုရေပတ်တိုက်
ပေး၍အဝတ်စိုကိုရေညှစ်ကာ သူ့လက်
ထဲက အဝတ်ကိုနောက်တွင်ရှိသော
ခုံပေါ်ချရန်အလှမ်းနောက်တစ်ခေါက်
လှမ်းဆွဲလိုက်သောဦးဝေကြောင့် 
အရှိန်ဖြင့် အိပ်ယာပေါ်သို့နောက်ပြန်
ပြုတ်ကျရသည်။ပြီးနောက်သူ့အပေါ်
ခွတက်လာသောဦးဝေ ကြောင့်ဝိုင်းပြီး
သား မျက်လုံးတို့မှာ ပို၍ပို၍ ဝိုင်းသထက်ဝိုင်းစက်သည်အထိ ပြူးကျယ်သွားရ
သည်။

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now