part - 12

1.5K 91 2
                                    

မော်ကွန်း အငယ်အနှောင်းဆိုတဲ့စကား
ကိုကြားကြားချင်း အလွန်ဝမ်းနည်းရ
သည်။သူဟာယောကျာ်းတစ်ယောက်
နဲ့ သတင်းထွက်ရလောက်တဲ့ထိ တန်ဖိုး
မရှိတော့ဘူးလား။ပြီးတော့လည်း
ကိုယ့်မွေးစားအဖေနဲ့လေ။ဝမ်းအနည်း
ရဆုံးကဦးဝေ တင်မကပဲ ဦးဝေတို့တစ် မိသားစုလုံးကအထင်လွဲနေတာပဲ
ဖြစ်သည်။

"ဟေး… you ဟင်းတွေထည့်စားလေ"

ဖြိုးဝေလင်း က ဖြူစင်သွယ် စကား
ကြောင့်မော်ကွန်း ထမင်းပန်းကန်ထဲ
ကိုလှမ်းကြည့်လိုက်တော့ ဘာဟင်းမှ
ရှိမနေပေ။ထို့ကြောင့် ဟင်းထည့်ပေး
ရန်သူကြိုက်တက်လောက်မည်ထင်တာ
ကိုရွေးထည့်ပေးရန်လုပ်ပြီးမှ ရုတ်
တရက်အတိတ်ကပုံရိပ်များကိုသတိ
ရသွားကာစိတ်ပြောင်းသွားသည်။

ထို့ကြောင့်ရှေ့တည့်တည့်တွင်ရှိသော ပန်းကန်ကိုလက်ကမ်းကာမော်ကွန်း
ပန်းကန်းထဲကိုတစ်လှည့်ဖြူစင်သွယ်
၏ပန်းကန်ထဲကို တစ်လှည့်ထည့်ပေး
လိုက်သည်။ပန်းကန်ထဲ ရောက်လာ
သော ပင်လယ်စာတွေကြောင့်မော်ကွန်း
ဦးဝေ ကို တအံ့တသြ မော့ကြည့်မိသည်။

ငါပင်လယ်စာနဲ့ မတည့်တာ...ဦးဝေ က
မသိဘူးလား။

ဖြူစင်သွယ် ကတော့ချစ်ရသူရဲ့
အလိုက်သိတက်မှုလို့မှတ်ယူကာ အားရဝမ်းသာစွာနဲ့ စားနေပြီး မော်ကွန်း
ကတော့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်
နေရသည်။

"စားလေ …"

ပြုံးပြပြီး ပန်းကန်ထဲက ပင်လယ်စာ
တွေကို မေးငေါ့ကာ..စားခိုင်းနေတဲ့
ဦးဝေ ကို ကြည့်ကာမျက်ရည် ကဝဲ
ချင်လာသည်။ပြီးတော့လဲမမြင်ရတာ
ကြာပြီဖြစ်တဲ့ ထိုအပြုံးလေး ကြောင့် အားတင်းကာ ပင်လယ်စာတွေကို သူကျေကျေနပ်နပ်ကြီးကိုစားချလိုက်
သည်။

သို့သော်ဖြိုးဝေလင်း က ဒီလောက်နဲ့
ရပ်မသွားသေး။စားပွဲ ပေါ်မှာရှိတဲ့
တခြားခြားသောပင်လယ်စာဖြစ်တဲ့
ပုစွန်တွေပါ ပန်းကန်လွတ်မဖြစ်မချင်း
သူတို့နှစ်ယောက် ကို တစ်ယောက်တစ်
လှည့်စီ ထည့်ပေးနေသည်။

သူတို့စားသောက်ပြီးအပြန်တွင် ဦးဝေ
က Hotel တစ်ခုရဲ့ dinner ပွဲကို
ဆက်တက်ရသေးသည်။မော်ကွန်း
ဦးဝေကို ထိုမှာပဲ ထားခဲ့ကာ ကိုယ်က
တော့ အနီးအနားရှိဆေးဆိုင်များသို့​
ပြေးရတော့သည်။

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now