"ဒါနဲ့ အဲ့ကောင်လေးနာမည်က
ဘယ်သူတဲ့
ယလဲအမေ"သူမသားက စိတ်ဝင်တစ်စားရှိတော့
သူမအနည်းငယ်ဝမ်းသာသွားသည်။"ဘာတဲ့ အဲ့မြွေပွေးကောင်နာမည်က
ပါးစပ်ဖျားတင် မေ့သွားတာ"မေမေက သူများအကြောင်းသာပြောချင်တာ။ပြီးတော့သေသေချာချာ သိတာလဲမဟုတ်ဘူး။ဖြိုးဝေဘင်း သူ့အမေကိုမနိုင်
ဘူးဟူသောအတွေးကဝင်လာ၍ ခေါင်းကိုသာခါရမ်းလိုက်သည်။"အော်...မှတ်မိပြီ မှတ်မိပြီမော်ကွန်း
သစ် တဲ့။အခုမှ တက္ကသိုလ်ကျောင်းသား မဟုတ်ဘူး ဘွဲ့ရပြီးခါစပဲရှိသေးတယ်"သူ့ရင်ထဲက ထိတ်ခနဲဖြစ်သွားတာ
နှလုံးခုန်သံများဆူညံသွားလေသည်။"ဘာ!!!!!!!!!!!!!!!!!!!!!!"
"လန့်လိုက်တာ ဖြည်းဖြည်းအော်ပါ
သားရယ်""သား..သားစုံစမ်းကြည့်ပါအုံးမယ် "
"သား Uncleကိုသားကပဲကြည့်ပြောအုံး။မေမေကသူ့ရဲ့ ဟိုးအရင်က
တစ်ဇာတ်ကို ဖြတ်ပြီးပြီ။အခုတော့
ဒင်းကငါတို့ အသိုင်းဝိုင်းမျက်နှာမှ
မထောက် ...အငယ်လေးထားပြီး
ပျော်နေတယ်။သူ့ကြည့်တော့ အိုကြီး
အိုမနဲ့...ဒါနဲ့သားက ဘယ်တော့ပြန်လာ
မှာ လဲ""သားပြန်လာဖို့ စဥ်းစားအုံးမယ်"
"ဟေ ဘယ်လိုဖြစ်လို့ လဲ။စောစောကပြောတော့ ပြန်လာတော့မှာဆို နှစ်လလောက်ပဲ ကျန်တာဆိုလား ဘာဆိုလား မေမေကြားလိုက်သလိုပဲ"
"ဟုတ်တယ်မေမေ သားမေ့ပြီးပြောလိုက်တာ။တစ်ကယ်တော့ နောက်ထပ် project အပ်ထားတာရှိတယ်"
"အော် ဟုတ်လား။ဒါပေမဲ့သားရယ်
project တစ်ခုကို သုံးနှစ်လောက်
ကြာတာဆိုတော့ မေမေကတော့
ပြန်လာစေချင်ပြီသားUncle
ကိုလည်း သားကိုယ်တိုင်တားစေ
ချင်တယ်""သား မတားချင်ဘူးမေမေ။သား
ရှက်တယ်။ဒါပေမဲ့ အခုမှသိတယ်။
ငယ်ငယ်ကထဲက မေမေပြောတာ
တွေက အမှန်ဖြစ်နေမယ်လို့သား
မထင်ထားဘူး။ဒါတွေကတစ်ကယ်
ဖြစ်လာမှအမေ မှန်မှန်း သားအခုမှ
သိတယ်"အနည်းငယ်သိသိသာသာ တုန်ယင်
နေသောသားဖြစ်သူ၏စကားသံက
သူမကိုစိတ်ကျေနပ်မှုရစေသည်။
![](https://img.wattpad.com/cover/256361050-288-k412740.jpg)
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar