part - 31(2)

1.3K 72 1
                                    

ဒေါ်မိုးမိုးဝေ Company ကိုရောက်သွား
တော့ ဓာတ်လှေကားရှေ့မှာသားရဲ့
အတွင်းရေးမှူးဆိုသူက ဆီးကြိုနေလေ သည်။

"ဘယ်လိုလဲသား ရွေးပြီးပြီ လား"

"ကျွန်တော် မော်ကွန်း ကိုပဲ.."

"ဟားဟား မင်းကိုအဲ့ဒီကောင်လေးက ဖုံးကွယ်ထားတာပဲ ။ငါအခုလေးတင်
သူနဲ့တွေ့လာတာ သူမင်းကိုမပြော
ဘူးလား"

မော်ကွန်း အနားတွင်ဖြိုးဝေလင်းက
သက်တော်စောင့်များထည့်ပေးထား
သည့်အတွက် ထိုသူတို့ရဲ့သတင်းပို့ချက်
အရ သူသိထားသည်။သွားတွေ့တယ်
ဆိုထဲကအစထဲက ချိန်းဆိုထားတာပဲ။
ဲဒါပေမဲ့မော်ကွန်းက အခုထိသူ့ကို ဘာမှ မပြောသေးပေ။သို့ပေမဲ့ အဆင်ပြေလို့
မပြောတာပဲဟု ယူဆခဲ့ သည်။အခုသူ့
အမေက ဖုံးကွယ်ထားသည်ဟု ပြောမှ
သူ့စိတ်ဆို့ ကပြောင်း ကပြန်ဖြစ်သွား
ရသည်။

"မင်းကသာ ချစ်နေတာပါသားရယ်
သူကမင်းကို တစ်ကယ်ချစ်တာ
မဟုတ်ဘူး"

ဒါကတော့လုံးဝမဖြစ်နိုင်။မော်ကွန်းက
အချစ်ရယ်လို့သေသေချာချာ မသိ
တက်ခင် အရွယ်ကစပြီး သိတက်သည့်အရွယ်သည့်တိုင် သူ့နာမည်ကိုပဲကြည့်
ပြီးနေလာတဲ့ကလေး။

သူ့ကိုဆို အမြဲ အနစ်နာခံပြီး သူဘယ်
လောက်ရိုက်နှက်နှက် ဘာအပြစ်မှတောင်
ဆိုတဲ့သူမဟုတ် သူ့မျက်နှာတစ်ကမ္ဘာထင်
ပြီး သူ့ကိုပဲကြည့်ပြီးနေတဲ့ကလေး။

"မဖြစ်နိုင်တာ အမေရယ်"

"ဘာလို့ မဖြစ်နိုင်ရမှာလည်း အခုပဲ
ကြည့်လေ။ ငါနဲ့စကားပြောခဲ့တာတွေ
ကို သူမင်းကိုမပြောပြရသေးဘူးမလား"

"အဲ့ဒါက အိမ်ပြန်ရောက်မှ ပြောမလို့
နေမှာပေါ့"

"ငါနဲ့ တွေ့ခဲ့တာ နှစ်နာရီတောင် ခြားနေ
ပြီ သူမင်းကိုမပြောဖူးဆိုကတည်းက
မင်းတို့အချစ်ရေးက သုညပဲ"

ဖြိုးဝေလင်းကစိတ်ရှုပ်သွားပြီး လည်
စည်းကိုဖြုတ်လိုက်ကာ ရေကိုမော့
သောက်သောက်လိုက်သည်။

"သူနဲ့ ဘာတွေ ပြောခဲ့လို့လဲ "

"ငါက မပြောပါဘူး မေးပဲ မေးခဲ့တာ
သူကလည်းချောချောမွေ့မွေ့ပဲ
ဖြေခဲ့တာ"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now