အပိုင်း ( ၂၈ ) ( Unicode )

3.1K 340 18
                                    

ဒုန်း ! ဝုန်း !

“ အား !!! ”

စူးရှကျယ်လောင်သည့်အော်သံနက်ကြီးက လေးဆက်၏နားစည်အတွင်း တိုးဝင်လာသည်။

ရုတ်တရက်ဖြစ်ပျက်သွားခဲ့သည့်အကြောင်းအရာများက မြန်ဆန်လွန်းလှသည်။

မြောက်တက်သွားပြီးနောက် ပြန်လွင့်စင်ကျလာသည့်ခန္ဓာကိုယ်ငယ်လေးက ကတ္တရာလမ်းမပေါ်မှာ ပုံ့ပုံ့လေး ‌လဲကျနေသည်။ ကတ္တရာလမ်းနှင့် ဆောင့်မိသည့်ဦးခေါင်းထက်မှ တစိမ့်စိမ့်ကျဆင်းလာသည့် အနီရင့်ရောင် သွေးပျစ်ပျစ်တို့က လမ်းမထက်မှာ နေရာအနှံ့။

သွေးအိုင်ထဲမှာ လဲကျနေသည့် မိန်းကလေးတစ်ဦး၏ပုံရိပ်က အရမ်းကို ဆိုးရွားအကျဉ်းတန်နေသည်။

“ အမလေး ! ကားတိုက်သွားတာဟဲ့ ... သေပြီလား မသိဘူး ”

“ သွေးတွေ ဒီလောက်ထွက်နေမှတော့ သေလောက်ပြီပေါ့ ”

“ ကောင်မလေးက ရှေ့မကြည့် နောက်မကြည့် ဖြတ်ကူးလာတာကိုး ”

“ ခေါင်းနဲ့ ကတ္တရာခင်းနဲ့ ဆောင့်မိတာပဲ ”

“ ကလေးမလေးက ချောချောလေးကွယ် ”

“ ရဲတွေ ခေါ် ... ရဲတွေခေါ် ... ”

“ ဆေးရုံကားကိုပါ ခေါ် ... ”

“ ဘယ်သူမှ သူ့ကို သွားမထိနဲ့နော် ... အမှုပတ်ကုန်မယ် ”

လူတွေ စုရုံးစုရုံးဖြစ်လာပြီး တစထက်တစ ပိုမိုဆူညံလာသည့်ပတ်ဝန်းကျင်မှာ လေးဆက် ဘာစကားတစ်ခွန်းကိုမှ မကြားရတော့။

မသိရင် နားကန်းသွားသလိုမျိုး ... ။

လူတွေနှင့် လုံးဝအဆက်ပြတ်သွားသလိုမျိုး ... ။

သူ မြင်နေရတာ ဇလပ်တစ်ယောက်တည်းကိုသာ ဖြစ်သည်။

သူ ကြားနေရတာ ဇလပ်ရဲ့လှုပ်နေသည့်နှုတ်ခမ်းက စကား‌လုံးလေးတွေကို ဖြစ်သည်။

ဇလပ်ခေါင်းက သွေးတွေထွက်နေတယ် ... ဇလပ်တစ်ကိုယ်လုံးက သွေးတွေနဲ့ပေကျံနေတယ် ... ဇလပ် နာနေမှာပဲ ... ဇလပ် အရမ်းနာနေမှာ ...

ဒါနဲ့ ဇလပ်က ဘာလို့ လမ်းပေါ်မှာ လှဲနေရတာလဲ ... လမ်းပေါ်မှာ လှဲနေရင် ဇလပ် ညစ်ပတ်သွားမှာပေါ့ ... သူ့ဇလပ်က အရမ်းအသန့်ကြိုက်တာလေ ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Wo Geschichten leben. Entdecke jetzt