ခင်ဗျား သိရဲ့လား ... ။
ကိုကိုဆိုတဲ့နာမ်စားလေးကို ခင်ဗျားတစ်ယောက်တည်းအတွက်ပဲ ကျွန်တော် ရည်စူးချင်ခဲ့တာ ... ။
ခင်ဗျားက ခေါ်ခံချင်နေတဲ့၊ ကျွန်တော်က ခေါ်ချင်နေတဲ့ စိတ်တူကိုယ်တူနာမ်စားလေးလို့ သတ်မှတ်လည်း အဆင်ပြေလောက်တယ်မလား ... ။
နောက်တစ်ခေါက် ခင်ဗျားနဲ့ ပြန်ဆုံတွေ့ဖြစ်ခဲ့ရင် " ကိုကိုက ကျွန်တော့်ခံစားချက်တွေကို ပထမဆုံး နားလည်တဲ့သူပဲ " လို့ ဝမ်းသာတကြီးပြောပြချင်ခဲ့တာ ... ။
ဘာလို့များ ကျွန်တော် ခင်ဗျားကို သိပ်ချစ်မိသွားခဲ့လဲမသိဘူး ... ။
အကြောင်းအရင်းတစ်ခုခုတော့ ရှိသင့်တယ်မဟုတ်လား ... ။
ဒါပေမဲ့ ကျွန်တော် ရှာမတွေ့ဘူး ... ။
ဒီတိုင်း ခင်ဗျားဖြစ်နေလို့ကို ချစ်မိသွားခဲ့တာလို့ပဲ သတ်မှတ်လိုက်ရမလား ... ။
ချစ်နေရုံလေးပါပဲ ... ။
အခုချိန်မှာ ကျွန်တော့်ဘက်က ခင်ဗျားကို ချစ်နေရုံလေးပဲ တတ်နိုင်တော့တာ ... ။
အာ ... မဟုတ်သေးဘူး ... ။
အလွမ်းတွေ ကျန်နေသေးတာပဲ ... ။
ခင်ဗျားက အလွမ်းတွေ တနင့်တပိုးကြီးပေးသွားတော့ ကျန်ရစ်ခဲ့ရတဲ့သူက မခံမရပ်နိုင်အောင် နစ်မွန်းနေရပြီ ... ။
ခင်ဗျားက အရမ်းဆိုးတာပဲ ကိုကိုရာ ... ။
ကျွန်တော်ကလည်း ခင်ဗျား အဲဒီလိုဆိုးတာလေးကိုမှ အရမ်းချစ်မိနေတော့ ခက်သားပဲ ... ။
ဒီဘဝမှာ ကျွန်တော်တို့နှစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုရင် ကျွန်တော်က နောင်ဘဝအထိ စောင့်မှာ ... ။
ဒါပေမဲ့ နောင်ဘဝကျရင်တော့ ကျွန်တော် ဒီလိုမျိုး နောက်မကျချင်ဘူး ... ။
အခုလို အမြဲတမ်းစောင့်ဆိုင်းနေရပြီး လွမ်းဆွတ်နေရတဲ့ဘဝမျိုး ပြန်မရောက်ချင်ဘူး ... ။
ကြိုးစားခွင့်တောင် မရှိဘဲ ငေးကြည့်နေရုံနဲ့တင် နောက်ဆုတ်လိုက်ရတဲ့ဘဝက ဘယ်လောက်ခါးသီးစရာကောင်းလဲဆိုတာကို ခင်ဗျား သိရဲ့လား ... ။
VOUS LISEZ