အပိုင်း ( ၅၈ ) ( Zawgyi )

917 69 5
                                    

" ကိုကို "

တိုးတိုးဖွဖွခေါ်လိုက်တော့ သူ့ဘေးမှာ ထိုင်နေသည့် ကိုကိုက မျက်လွှာလေးပင့်ကာ သူ့ကို စောင်းငဲ့ကြည့်လာ၏။

၎င်းအကြည့်များ၏အဓိပ္ပာယ်ကား " မင်း ဘာပြောမလို့လဲ " ဆိုသည်ပင်။

" ဟင့်အင်း ... ဘာမှမဟုတ်တော့ဘူး "

သူ ကိုကို့ကို တစ်ချက်ရယ်ပြကာ ခေါင်းခါပြလိုက်၏။ အဲဒီနောက် ကိုကိုက " မင်းကို မနိုင်ဘူး " ဆိုသည့်အပြုံးမျိုးပြုံးကာ စာအုပ်ပြန်ဖတ်နေသည်။

သူကတော့ စားပွဲပေါ် လက်ထောက်ကာ ကိုကို့မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်ရင်း ... ။

တကယ်ပါ။ စာကြည့်စားပွဲနှစ်ခုကြားမှာ အကာအရံတွေ ရှိနေတာတောင် ကိုကိုနှင့် မရမကပူးကပ်ထိုင်ပြီး တစ်ချိန်လုံးစိုက်ကြည့်နေရလောက်သည့်အထိ ကိုကို့မျက်နှာလေးက သူ့ကို ဆွဲဆောင်နိုင်လွန်းသည်။

" ကိုကို "

စာအုပ်တစ်အုပ်ပေးထားလိုက်ရင် အမြဲငြိမ်ငြိမ်လေးထိုင်ဖတ်နေတတ်သည့် ကိုကို့ကို အသည်းယားလာသဖြင့် မနေထိုင် မထိုင်နိုင် ထပ်ခေါ်လိုက်မိပြန်၏။

ဒီတစ်ခါလည်း ကိုကိုက မငြိုငြင်ဘဲ သူ့အလိုကျ လှည့်ကြည့်လာသည်။

" ခေါ်ကြည့်တာ "

သူ့အဖြစ်ကို ရယ်ချင်နေသည့်ပုံဖြင့် ကိုကို့နှုတ်ခမ်းလွှာလေးက လှိုင်းတွန့်လေးများ အနည်းငယ်ဖြစ်ပေါ်သွား၏။ အဲဒီနောက် ကိုကို့ရဲ့အကြည့်များက စာအုပ်ထံသို့ တဖန်ပြန်လည်ရောက်ရှိသွားသည်။

ဘေးတိုက်မြင်နေရသည့် ကိုကို့မျက်နှာလေးက တကယ့်ကို ရှင်းရှင်းသန့်သန့် ... ။

ဘာပူပင်သောကမှ ထမ်းပိုးထားခြင်း မရှိသည့်ရုပ်ပုံလွှာက ကိုကို့ထံ၌ ထင်ဟပ်နေ၏။

သူ အမြဲမြင်တွေ့ချင်နေသည်က ကိုကို့ရဲ့ယခုကဲ့သို့ အသွင်ပုံစံကိုသာ ဖြစ်သည်။

" ကိုကို "

ကိုကို့မျက်နှာလေးကို ငေးကြည့်နေရင်း မရောင့်ရဲနိုင်စွာဖြင့် ထပ်မံခေါ်မိပြန်၏။ ဒီတစ်ခါတော့ ကိုကိုက သူ့ကို အလိုမလိုက်တော့ပေ။ သူ့ခေါ်သံကို မကြားဟန်ပြုကာ စာအုပ်ကိုသာ ခပ်တည်တည်ဆက်ဖတ်နေ၏။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now