အပိုင်း ( ၁၆ ) ( Unicode )

3K 396 26
                                    

" ဟင့်အင်း ... မဟုတ်ဘူး ... အဲ့လိုမဖြစ်ရဘူး ... မထားခဲ့ပါနဲ့ ... တောင်းပန်ပါတယ် ... မောင့်အမှားပါ ... မောင် မှားတာပါ ... ဟုတ်ပြီလား ... အဲဒါကြောင့် မောင့်ကိုထားပြီး မထွက်သွားပါနဲ့ ... မင်း မရှိရင် မောင် တကယ်သေသွားလိမ့်မယ် "

အမှောင်ဖုံးနေခဲ့သည့်မျက်ဝန်းတစ်စုံက ရုတ်ခြည်းပွင့်သွားခဲ့သည်။ မျက်တောင်ရှည်လေးတွေမှာ မျက်ရည်စတွေက တွဲခိုနေပြီး မျက်ဝန်းအိမ်က အရည်လဲ့နေသည်။ မျက်ဝန်းတွေကို ခဏမှိတ်ချလိုက်တော့ မျက်ဝန်းထောင့်မှ တွဲခိုနေသည့်မျက်ရည်စတချို့က ပါးပြင်ပေါ်ကို ကြွေကျလာသည်။

ရင်ဘတ်က တာဝေးပြေးသမားတစ်ယောက်လို ဖောင်းမို့နေပြီး နှလုံးခုန်သံတွေက အရမ်းကိုမြန်ဆန်နေကာ နှာခေါင်းကနေ အသက်ရှုလို့မရတော့သည့်အတွက် ပါးစပ်ကိုဟကာ လေကို ရှိုက်သွင်းရသည်။ လက်အစုံက အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရသဖြင့် သွေးကြောတွေ ထောင်ထနေသည်။

ဒီလိုမျိုး ... ဒီလိုမျိုး သေလုမတတ်နာကျင်မှုတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ ...

သုံးမိနစ် ...

လေးမိနစ် ...

ငါးမိနစ် ...

အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့် လက်‌တို့က တဖြည်းဖြည်းအားလျော့သွားသည်။ နှလုံးခုန်သံတွေလည်း အရင်အတိုင်းပြန်ဖြစ်သွားခဲ့ပြီ။ သို့သော် မပြီးဆုံးနိုင်သည်က ယခုထိ ကျဆင်းနေသေးသည့် မျက်ရည်စတွေ။ ဘယ်တော့မှ အဆုံးသတ်ဆိုတာ မရှိတော့သလိုမျိုး။

ဒီလိုနေ့ရက်တိုင်း ကျိန်စာတစ်ခုလို အိပ်မက်ဆိုးကနေ လွတ်မြောက်ဖို့ သူ ရုန်းကန်ကြိုးစားရသည်။ ဒီလိုနေ့ရက်မျိုးမှာ ဖြစ်ခဲ့ပြီးသမျှ ကိစ္စရပ်တိုင်းက အစကနေ အသစ်အတိုင်းပြန်လည်စတင်လာပြီး သူ့ကို ဘယ်တော့မှမမေ့ပစ်လိုက်ဖို့ သတိပေးနေသလိုပင်။

ရေမကူးတတ်သည့်လူတစ်ယောက်ကို ပင်လယ်ရေမျက်နှာပြင်အောက်ခြေအထိ တရွတ်တိုက်ဆွဲခေါ်ချသွားပြီး လည်ပင်းကို သံကြိုးတွေနဲ့ခတ်ထားသလိုမျိုး ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Donde viven las historias. Descúbrelo ahora