အပိုင်း ( ၃၄ ) ( Zawgyi )

1K 66 3
                                    

သိပ်ချစ်ခဲ့ရတဲ့ လူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာ ခက်ခဲလားလို့ မေးမိတော့ လူတွေက ကျွန်တော့်ကို ကြည့်ပြီး စုတ်သပ်ကြတယ် ...

ပြီးတော့ ကျွန်တော့်ပခုံးကို ခပ်ဖွဖွပုတ်ရင်း အနည်းဆုံး မင်းမှာ သူ့ကို မေ့ပစ်ချင်တဲ့စိတ်ဆန္ဒလေးရှိရင်တော့ အထောက်အကူပြုနိုင်လောက်ပါတယ်လို့ ဂရုဏာသက်စွာ ပြန်ဖြေကြတယ် ...

ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ...

ကျွန်တော့်မှာ အဲဒီလိုအထောက်အကူပြုပေးနိုင်တဲ့စိတ်ဆန္ဒလေးက နည်းနည်းလေးတောင်မှ ရှိမနေခဲ့ဘူးလေ ...

တကယ်လို့ ကျွန်တော်သာ ခင်ဗျားကို မဖြစ်မနေ မေ့ပစ်ရမယ်ဆိုရင် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်က ဒီလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားလိမ့်မယ်ထင်တယ် ...

❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

“ ဈာန် တော်တော့ ! မင်း များနေပြီ ”

ဈာန့်လက်ထဲ ရောက်နေပြီဖြစ်တဲ့ အရက်ပုလင်းကို လရောင် လုယူလိုက်တော့ ဈာန်က အပါမခံဘဲ ပြန်ဆွဲယူရင်း

“ လရောင် ငါ့ကို ပြန်ပေးစမ်း ... ငါ သောက်မှဖြစ်မယ် ... ငါ မူးနေမှဖြစ်မယ် အေ့ ... မဟုတ်ရင် ငါ သူ့ကို အရမ်းလွမ်းနေမိဦးမှာကွ ... မင်း သိရဲ့လား ”

“ ကျစ် ! ဈာန် မင်း ဒီလိုမူးပြဲနေတာ ဘယ်နှရက်တောင် ရှိသွားပြီလဲ ... တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ် ... တစ်ပတ်ကျော်နေပြီကွ ... အတန်းချိန်လည်း မှန်အောင် မတက်ဘူး ... မင်း ဒီလိုပုံနဲ့ ဘယ်လိုစာမေးပွဲဖြေမလဲ ”

“ ဒါဆိုလည်း မဖြေဘူးကွာ ... ဖြေတော့ရော ဘာဆက်ဖြစ်မှာမို့လို့လဲ ”

“ ဈာန်ရာ မင်း ! ”

အချိုးမပြေသည့် အရွဲ့တိုက်စကားတွေကိုပဲ တရဆက်ပြောနေသော ဈာန်‌ကြောင့် လရောင်တစ်‌ယောက် သွေးတက်ချင်သွားသည်။ ဒီဈာန်ရောင်ခဆိုသည့် သကောင့်သားကို ဘယ်တုန်းကမှ လရောင် ပြောမနိုင်ခဲ့ပေ။

အဲဒါကြောင့် ဈာန်နှင့် ဟိုတစ်ယောက်က သိပ်မတည့်ကြခြင်းဖြစ်သည်။ ဈာန်က ဂျစ်ကန်ကန်နိုင်ပြီး ဟိုတစ်ယောက်က လူတွေကို ရှိတယ်လို့ပင် သဘောမထားသူ။ လရောင်ကြောင့်သာ သူတို့နှစ်ယောက်လုံး သူငယ်ချင်းဆိုသည့်အမည်နာမအောက် ရောက်နေရသော်ငြား တကယ့်ကို အပေါ်ယံအခွံသက်သက်ပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Wo Geschichten leben. Entdecke jetzt