ချစ်သူ့မျက်ရည်တစ်စက် နာကျင်မှု တစ်သက် ... ။
ငါ အကြောက်ဆုံးအရာတွေထဲမှာ ချစ်သူ့အမုန်းက ပထမနေရာဆို ချစ်သူ့မျက်ရည်က ဒုတိယနေရာလိုက်မယ်ထင်ပါရဲ့။
ဒီသံသရာမှာ ငါ မမြင်ချင်ဆုံးဖြစ်တဲ့ အဲဒီလူရဲ့မျက်ရည်စက်တွေဟာ ငါ့ကြောင့် ကျခဲ့ရမှန်း သိလိုက်ရချိန်မှာတော့ ငါ့ရဲ့နာကျင်မှုက အရင်ကထက် အဆပေါင်း တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းမက မြင့်တက်သွားခဲ့တယ်။
အနာပေါ် အနာထပ်တာမို့ သိပ်မဆိုးရွားလောက်ဘူးလို့ ထင်ချင်စရာရှိပေမဲ့ အနာချင်း မတူညီတဲ့အခါ ငါ့မှာ လျှို့ဝှက်အမာရွတ်ပေါင်းများစွာနဲ့ ဘဝကြီးဟာ အလဲလဲ အပြိုပြိုပါပဲ။
အဲဒီလူတစ်ယောက်တည်းကိုပဲ ဦးထိပ်ပန်ဆင်ရင်း ကြိုးစားပမ်းစားတည်ဆောက်ထားခဲ့ရတဲ့ ငါ့ရဲ့အထီးကျန်ကမ္ဘာငယ်လေးဟာ အခုတော့ ပျက်သုန်းခြင်းကံကြမ္မာ ဆိုက်ရောက်နေခဲ့ပြီ။
သူ့မျက်နှာလေး မှိုင်းညို့နေရင်တောင် ငါ့ရဲ့ကမ္ဘာက ယိမ်းယိုင်နေခဲ့တာလေ။
အခုတော့ မျက်ရည်တဲ့လား။
ပြီးတော့ အဲဒီမျက်ရည်တွေရဲ့အဓိကတရားခံကလည်း ငါ ဖြစ်နေတယ်တဲ့လေ။
ရယ်စရာကောင်းလိုက်တဲ့ လောကကြီး ... ။
တကယ်တမ်းကျတော့ ငါက အဲဒီလူအတွက် ပြဿနာတွေကိုပဲ ယူဆောင်လာပေးတတ်တဲ့ နတ်ဆိုးပဲ။
ငါသာ ထွက်ပေါ်မလာခဲ့ရင် ငါ ချစ်ရတဲ့လူကလည်း ဒီလောက်ထိ နာကျင်နေရမှာမဟုတ်ဘူး။
အခုတော့ ငါ့လိုနတ်ဆိုးတစ်ကောင်က သူ့အတွက် ဘာများ ထပ်ပြီးလုပ်ပေးနိုင်သေးလို့လဲ။
သူ့ရဲ့ယိုင်လဲကျသွားတဲ့ခန္ဓာကိုယ်လေးကိုလည်း ငါ ပြန်ထူမတ်မပေးနိုင်ခဲ့ဘူး။
သူ့ရဲ့မျက်ရည်တွေကို ဖယ်ရှားပေးဖို့လည်း ငါ့မှာ အခွင့်အရေးမရှိခဲ့ဘူး။
ယုတ်ဆွအဆုံး သူ့ရဲ့အနီးမှာ နေဖို့လည်း ငါဟာ မထိုက်တန်ခဲ့ဘူး။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
အဓိပတိဆေးရုံ ... ။
DU LIEST GERADE