အပိုင်း ( ၄၄ ) ( Unicode )

2.7K 362 36
                                    

နေမင်းကြီးက အနောက်ဘက်အရပ်ဆီသို့ တဖြည်းဖြည်း ငုပ်လျှိုးသွားလေပြီ။ အဲဒီနောက်မှာ‌တော့ မှောင်ရိပ်သန်းနေသည့် အငွေ့အသက်များက တောင်စဉ်တောင်ကြောတစ်လျှောက် ရစ်ပတ်လွှမ်းခြုံလာသည်။

သို့သော် ဘုရားရင်ပြင်တော်တစ်ခွင်၌မူ မီးအလင်းရောင်များဖြင့် လင်းထိန်နေဆဲပင်။ ညဘက်ချိန်ခါဖြစ်သော်ငြား ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်၌ ဘုရားရှိခိုးသူများ၊ ပုတီးစိတ်သူများ၊ အဓိဠာန်ဝင်သူများဖြင့် စည်ကားနေလျှက်ရှိသည်။

ထို့အပြင် ညအမှောင်၌ အထောက်အကူပြုပေးထားသည့် စလိုက်မီးရောင်များကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးမှာလည်း ရွှေရောင်တလက်လက်တောက်ပနေသည်မှာ အလွန်အမင်းကြည်ညိုသပ္ပယ်စရာကောင်းလှ၏။

ဈာန်‌ရောင်ခတို့ သူငယ်ချင်းသုံးယောက်ကတော့ လေတဖြူးဖြူးတိုက်နေသော ဘုရားရင်ပြင်တော်ပေါ်တွင် ထိုင်ကာ လှုပ်ရှားသက်ဝင်သွားလာနေကြသူများအား ဘာရယ်မဟုတ် ငေးကြည့်နေမိသည်။

သို့သော်ငြား ဈာန့်အကြည့်များက အသက်မဝင်သည့် အကြည့်များဖြစ်နေကြောင်းကို ရိပ်မိနေသည့် လရောင်နှင့် နေ့သစ်တို့မှာတော့ သူငယ်ချင်းဖြစ်သူအား ကြည့်ကာ စိတ်မချမ်းသာလှပါ။ ကျိုက်ထီးရိုးရင်ပြင်ပေါ်စရောက်ကတည်းက ဈာန်တစ်ယောက် အရယ်အပြုံးကင်းမဲ့ကာ ခပ်တည်တည်ဖြစ်နေသည်မလား။

သူ ချစ်လှပါသည်ဟုဆိုသည့် ကိုလေးဆက်နားကိုတောင် မကပ်ဘဲ ခပ်ခွာခွာနေကာ သူ စိတ်ဆိုးနေကြောင်း ဆန္ဒပြနေသည့် သူငယ်ချင်းအဆိုးအပေလေးကြောင့် လရောင်နှင့် နေ့သစ်တို့မှာ ရယ်ရမလို ငိုရမလို။

“ ဈာန် မင်း အဆင်ပြေရဲ့လား ”

အေးစက်နေသည့် အခြေအနေကို စကားလုံးများဖြင့် ထိုးခွင်းလိုက်သူက နေ့သစ်။

“ မပြေဘူး ... လုံးဝ ပြေမနေဘူး ”

ဈာန့်အသံကို နားထောင်ကြည့်ရုံနဲ့တင် သူ ဘယ်လောက်ထိ စိတ်လက်မကြည်မသာဖြစ်နေကြောင်း သိသာလှသည်။

“ ဈာန် စိတ်လျှော့ပါကွာ ... မင်းလည်း ကိုလေးဆက် အကြောင်းသိရဲ့သားနဲ့ ... သူက အဲဒီလိုဖြစ်ပါစေလို့ တမင်ရည်ရွယ်ပြီးလုပ်နေတာမှမဟုတ်တာ ... နေ့လည်ကလည်း မင်း လက်ဖက်ရည်ဆိုင်ထဲက ဘာမပြောညာမပြောနဲ့ ထထွက်သွားတော့ ကိုလေးဆက်က မျက်နှာငယ်လေးနဲ့ ကျန်နေခဲ့တာ ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Donde viven las historias. Descúbrelo ahora