"ငြိမ်ငြိမ်နေလေ hunnie ရယ်
နားကိုတော့ထိမိတော့မှာပဲ
ဇိမ်ကလဲခံချင်သေးတယ်
စကားကလဲပြောချင်သေးတယ်"After a few minutes,
"ကဲပြီးပြီ ထတော့"
"ဟင့်အင်း ထချင်ဘူး
သားက မားပေါင်ပေါ်မှာ အိပ်ချင်သေးတာ😢"Baek တယောက် သူ့ရဲ့ ပေါင်ပေါ်မှာခေါင်းအုံးရင်း နားကလော်ခံနေတဲ့ သူ့သားလေးကိုငုံ့ကြည့်မိတယ်
"အာရီဂူး....မားရဲ့သားလေးက ဘယ်အချိန်ထိ ကလေးလုပ်နေအုံးမှာလဲ.....
ဟင်လို့ ချစ်တုံးလေးရဲ့"ဘေးတစောင်းအိပ်နေတာကြောင့်မြင်နေရတဲ့ပါးတဖက်ကိုအသာညှစ်ရင်းမေးမိတာက
မြတ်နိုးရလွန်းတဲ့ သားလေးရဲ့အပြုံးလေး ကိုဖြစ်စေတယ် မျက်ဝန်းလေးတွေပိတ်အောင်ပြုံးပြတာမျိုးပေါ့"မားကလဲ...သားမှာ...မားတယောက်ပဲရှိတာကို
သားက မားကိုမချွဲရင် ဘယ်သူ့ကိုချွဲရမလဲ""အို...အလိုလေးတော်....ကျေးဇူးရှင်လေးရယ်
ရှင်လေးမှာ ချွဲစရာ ဖိုးဖိုးဖွားဖွားရှိလာပြီ
ဖိုးလေး suho ဆိုလဲ သာလေးကိုအရမ်းချစ်တာလေ
ကဲ....အခု....fanfan လေးရောလေ"ပေါင်ပေါ်စောင်းအိပ်ရာမှ ပက်လက်လှန်လိုက်တာကြောင့် နှုတ်ခမ်းဆူဆူလေးတွေက 90 degree တည့်မတ်စွာ
"မားကလဲ...သား....fanfan ကိုချွဲရဲပါဘူး"
"ဟင်....သားကို fanfan က ဆူလို့လား....fanfan ကိုကြည့်ရတာ သားကို ချစ်ပါတယ် မားလိုပဲ သားလေးကိုအလိုလိုက်မဲ့ပုံပါ"
"သားလဲမသိသေးဘူးလေ. 😢"
"မားသိတာပေါ့သားရဲ့ မားရဲ့သားလေးက ငယ်သေးတော့ fanfan လေးကိုဘယ်မြင်တတ်မလဲ"
"wedding ပွဲတလျောက်လုံး သားကို ကြည့်တဲ့ fanfan မျက်လုံးလေးတွေက
ကြင်နာမှု ချစ်ခင်မှု တွေနဲ့ပြည့်နေတဲ့မျက်ဝန်းလေးတွေပေါ့
ပြီးတော့....fanfan လေးက..မားရဲ့ပူတူတူလေးရဲ့ ဟောဒီ့ ပါးစုံလေးတွေကိုနမ်းရှိုက်သွားလိုက်တာများ ကြင်နာမှုအပြည့်နဲ့"
