ပြတင်းပေါက်ငယ်ကိုဖြတ်ကျော်ကာ ဝင်ရောက်နေသည့် ခပ်ဖျော့ဖျော့အလင်းတန်းငယ်တခု
မကြာခင်..နေမင်းသခင် အိပ်စက်အနားယူတော့မည်မို့ ကျေးငှက်တချို့က တီတီတာတာ..သံစဉ်ငယ်ကလေးများနှင့် ချော့မြူးနေကြသည်
ထိုငှက်ကလေးများထဲက တချို့ကတော့ သူတို့ရဲ့တာဝန်ကိုမထမ်းဆောင်ကြ...
ပြတင်းပေါက်ငယ်က တဆင့်မြင်နေရတဲ့ ကောင်လေးကို ကြည့်ရင်း တနေ့တာရဲ့နောက်ဆုံးသောတာဝန်ကို ထမ်းဆောင်ဖို့မေ့ကြပြီတဲ့လေမှန်ပေါ်ကပ်ပြီးထောင်ထားတဲ့ photo stand ထဲက စုံတွဲရဲ့မျက်နှာတွေက ဆန့်ကျင်ဘက်အနေအထားမှာရှိနေခဲ့တယ်
ယောက်ျားဖြစ်သူက အပေါ်ယံမျက်နှာဖုံးတွေအဖြစ် ခက်ထန်မှုတွေနဲ့ ပြည့်နေစေခဲ့တယ်
မိန်းမဖြစ်သူကတော့ အားငယ်မှုနဲ့ပြည့်စေခဲ့တယ်
တူညီတာတခုတော့ သူတို့နှစ်ဦးကြားရှိနေပါတယ် မျက်လုံးတွေက တဆင့်..ကြည့်ရှုသူရဲ့ နှလုံးသားထဲစီးဆင်းသွားစေမဲ့ချစ်ခြင်းမေတ္တာတချို့ပေါ့ထို photo stand ရှေ့မှာရှိနေတဲ့ ကောင်လေးကျတော့လား
အင်း......ပြောရရင်နဲနဲတော့ ကြောင်တောင်တောင်နိုင်တယ်ဗျ
သူ့ကိုယ်ကိုသူမှန်ထဲထိုင်ကြည့်ပြီးပဲငိုနေတာလား ဒါမှမဟုတ် photo stand ထဲက သူနှစ်ယောက်ကို ကြည့်ပြီးငိုနေတာလား
အိုကေ....သူပြောနေတဲ့ စကားတချို့ကို ငှက်ကလေးတွေနဲ့အတူ နားစွင့်ကြည့်ကြစို့..."Ma....ကျနော် ဆုံးဖြတ်လိုက်တာ မမှားဘူးမဟုတ်လား"
"Pa......ကျနော်မမှားပါဘူးနော်"
အကြည့်များကို ကြည့်မှန်သို့တခါပြန်ပို့ကာ သူ့ကိုယ်သူစိုက်ကြည့်ပြီး
"အမလေး wuri hunnie ကို သနားလို့ဘယ်လိုလုပ်ရမလဲ"
ဘေးကပ်ရပ်မှာရှိနေတဲ့ tissue box မှာ tissue အနဲငယ်ကိုထုတ်ယူလိုက်ကာ နှပ်ညှစ်လိုက်ပြီး
"မှန်တယ်...hunnie မင်းမမှားဘူး
Aja aja Fighting!"တဖန် မှန်ထဲမှတဆင့် photo stand ကို ပြန်ကြည့်ပြီး
