"အင်း တိုးတက်တယ်လို့တော့ပြောလို့ရတယ် yifan
အင်းးးးးးးး ဒါပေမဲ့"ဒူးအောက်ဘောင်းဘီအပွ..နှင့် တောင်လျှောက်မြောက်လျှောက်လုပ်နေသော luhan ကောင်အား သိပ်ကြည့်မရချင်တော့
ကျနော်ရယ် luhan ရယ် Tao ရယ် ခင်လာကြတာ ဆယ်စုနှစ်နီးပါးရှိခဲ့ပြီ
ခင်ခဲ့တဲ့ တလျှောက်လုံး luhan ဆိုတာကျနော့်နဲ့ အနှိမ်ခံ 😎
မင်းငါ့လောက်အရပ်ရှည်လို့လား
မငိးငါ့လောက်အားရှိလို့လား
နောက်ဆုံးသူအထိဆုံးအချက်ကတော့ Tao က ကျနော့်ကို သူ့ထက်ပိုပြီး ချွဲတာမို့ဘယ်လိုပဲဖြစ်ဖြစ်ပါ တခြားသော ဘာအကြောင်းအရာတွေပဲရှိရှိ ကျနော်တို့သုံးယောက်မှာ ကျနော့်ကိုပဲ ဆရာတင်ကြရတာ
ဥပမာဗျာ ကားမောင်းတတ်ခဲ့တာလဲ ကျနော်အရင်ဆုံးပဲ
ဒါပေမဲ့ အခု ဒီကိစ္စမှာ ဒီစောင်အပု ကို ကျနော်ဆရာတင်နေရတာ သိပ်တော့မကျေနပ်"ဘာ ဒါပေမဲ့လဲ ပြောမှာဖြင့်ပြောကွာ ပုတက်ပုတက်နဲ့ မြင်ရတာ မျက်စိနောက်လာပြီ"
"ဘာကွ....နွား....ကျေးဇူးကန်းနေတာ
အေးပါ...ဒီက အကိုကြီး လမ်းမပြပေးရင် မင်းဒီလောက်တိုးတက်လာမလားပြော"ကျနော့်ကို ခြေထောက်နဲ့ကန်ရင်း အော်ဟစ်ပြောဆိုနေတာကြောင့်
"မင်းကလဲ တိုးတိုးပြောပါကွ
မင်း လင် tao ကြားသွားဦးမယ်
အဲ့ ခလိန်းက အကျင့်ကောင်းတာမဟုတ်ဘူး
ဖိုးလေးပါသိသွားပြီးလိုက်နှောင့်ယှက်နေဦးမယ်""နောက်မှာ ရေကူးနေတာကွ မသိဘူးရယ်"
လှုပ်ခတ်ခဲ့တဲ့ ခန်းဆီးစကို လစ်လျူရှုရင်း luhan တယောက် ပြောခဲ့တယ်ဆိုတာတော့Yifan တယောက်မသိလိုက်ပါလေ
"အေးဆက်ပြောကွာ ငါဘာဆက်လုပ်ရမလဲ"
"Imm...မင်းအဆင့်တက်ဖို့ကြိုးစားတော့
မင်းချာတိတ် အခြေအနေသိရအောင်လို့ နဲနဲစမ်းသပ်ကြည့်လိုက်
အခြေအနေကောင်းရင်နောက်ဆုံးအထိသွားကွာ
မကောင်းရင် မကောင်းတဲ့နေရာတင်ရပ်
အေး ဒါပေမဲ့ သူသာသာယာယာမြောပါလာပလေ့စေ
အဓိက က အဲ့တာပဲ
မဟုတ်ရင် မင်းရှေ့ဆက်ရွှေ့ရမဲ့အကွက်တွေခက်သွားမယ်
မင်းက အခြေအနေကောင်းတယိ
ကြာကြာနူးပေးလိုက်ရင်ပါလာမှာပါ"
