21(Unicode)

40 0 0
                                    

#throwback ep pr#

"Suho....မင်းဒီလိုမျိုး​တွေထပ်​လုပ်​ပြန်​ပြီလား"

လက်​ထဲက ပန်း​ရောင်​စာအိတ်​​လေး​တွေကိုင်​ပြီး ကျ​နော့ မျက်​နှာကို ရိုက်​လုရိုက်​ခင်​အထိ ​ပြော​နေတဲ့ chanyeol

"ငါ..ငါ....ထပ်​မလုပ်​​တော့ပါဘူးကွာ
အဲ့တာက...ဟို baekhyun ကိုသနားလို့..."

Suho's pov
ကျ​နော်​ရယ်​ xingရယ်
Baek ရယ်​ chanyeol တို့ရဲ့ အ​ကြောင်း​တွေ တဖန်​ပြန်​​ပြောင်း​ပြောရမယ်​ဆိုရင်​​တော့

Chanyeol နှင့်​ ကျ​နော်​က ​ကျောင်းကလူ​တွေအမြင်​မှာ မူကြိုကတည်းက ခင်​လာတဲ့အရင်းနှီးဆုံးသူငယ်​ချင်း​တွေ
ဒါကို ကျ​နော်​ ငမိုက်​သား က မူကြိုကတည်းက အဖြူ​ရောင်​အချစ်​ကိုအ​ရောင်​စဆိုးခဲ့တာ

Chanyeol က ငယ်​စဉ်​က အခုလို ခပ်​​ဖြောင့်​​ဖြောင့်​ ​ယောက်ျားတ​ယောက်​အဖြစ်​နာမည်​ကြီးခဲ့သည်​မဟုတ်
ချစ်​စရာ​ကောင်းလွန်းသည့်​ ဝတုတ်​တုတ်​က​လေးတ​ယောက်​အဖြစ်​နာမည်​ကြီးခဲ့သည်
သူကတော့ ဝကစ်ကစ်ကလေးလေးမှ ခပ်မိုက်မိုက်ကောင်လေးတယောက်ဖြစ်သွားပေမဲ့
ကျ​နော်​က ​တော့ ငယ်​ငယ်​ကတည်းက အခုအချိန်​ထိ ​ပြောင်းလဲမှုသိပ်​မရှိပဲ ပျင်းစရာ​ကောင်းလွန်းလှသည်​သာ
ငယ်​စဉ်​ကတည်းက ​သေးညှက်​ညှက်​ကျ​နော်​က အ​ကောင်​ကြီး​တွေရဲ့အနှိပ်​စက်​ခံ
သို့​သော်​ yeol ​ကြောင့်​ ကျ​နော်​​နေ့ရက်​​တွေသက်​သာရခဲ့သည်

လူ​တွေအချစ်​ကို ဘယ်​လိုသတ်​မှတ်​တယ်​ကျ​နော်​မသိဘူး
ကျ​နော်​သိတာတခုပဲ ကျ​နော်​ chanyeol ကိုချစ်​တယ်
ကျ​နော့်​အတွက်​ မိသားစုပြီးရင်​ ချစ်​ရတဲ့သူက Chanyeol ပဲ သူတဦးပဲ တခြားသူမရှိဘူး
ဒါ​ကြောင့်​ကျ​နော့်​အတွက်​ အချစ်​ရဲ့ definition က ​သွေဖယ်​ခြင်းမရှိစွာ 'Chanyeol' ပါပဲ
တရုတ်​​ကောင်​တ​ကောင်​ seoul ကို​ခြေမချခင်​ထိ​ပေါ့

ကျ​နော့်​ဘဝရဲ့ ပထမဆုံး​သော မူကြိုတက်​ရတဲ့​နေ့
Appa နဲ့ yunho hyung ရဲ့ လက်​ကိုဆွဲပီး မူကြို​ကျောင်းဝန်းထဲဝင်​ဝင်​ချင်းစ​တွေ့ရသူက yeol
ကံတရားက ထပ်​အ​ကြောင်းချင်းတိုက်​ဆိုင်​သည်​က
Appa နဲ့ yeol ​မေ​မေနဲ့က အသိမိတ်​​ဆွေ​တွေဖြစ်​ခဲ့ဖူး​တယ်
Appaက ဝမ်းသာအားရနဲ့ ကျ​နော်​တို့နှစ်​​ယောက်​ကို သူငယ်​ချင်းလုပ်​ခိုင်းခဲ့တယ်
ကျောင်းထဲဝင်​ဖို့အချိန်​​ရောက်​​တော့ ကျ​နော့်​ကို ထားခဲ့​တော့မဲ့ Appaနဲ့ hyung ကိုကြည့်​ပြီး ကျ​နော်​ဝမ်းနဲခဲ့သည်​က ဘာနဲ့မှမနှိုင်းယှဉ်​ပြတတ်​ပါ
ထိုအချိန်​ကျ​နော့်​ရဲ့ လက်​​သေး​သေး​လေး​တွေကို ​ဖေးမဆုပ်​ကိုင်​​ပေးခဲ့တဲ့ လက်​​ဖောင်း​ဖောင်း​လေးတစုံကိုကျ​နော်​တွယ်​တာခဲ့မိသည်
ထိုအချိန်​မှစ၍ ကျ​နော့်​ရဲ့အရာရာမှာ chanyeol က သက်​ဆိုင်​ခဲ့ရသည်

ဗရုတ်​Where stories live. Discover now