WuYifan's pov
Huuuuuuuu.....
အခုကျနော်ဘာဖြစ်ချင်နေလဲသိလား....
ဘယ်သိမလဲ... ခင်ဗျားတို့လဲ ကျနော်ပြောပြမှသိမှာပေါ့
ကတုံးတုံးပြီး ဘုန်းကြီး တသက်လုံး ဝတ်ပလိုက်ချင်တာ
အကြောင်းပြချက်ကလား...
လူ့လောကကြီးကို စိတ်ကုန်တာတွေ ဘာတွေတော့ကျနော် ကြီးကြီးကျယ်ကျယ်မပြောလိုပါဘူး
အိမ်က ကောက်စိန်နှစ်ယောက်ကိုစိတ်ကုန်တာ...တလောကလုံးမှာအဲ့နှစ်ယောက်ကိုပဲစိတ်ကုန်တာ
ချစ်စရာလေးတွေပါ လာမပြောနဲ့...စိတ်တွေကုန်လွန်းလို့...အတူတူပဲ ချာတိတ်ရော ဖိုးလေးရော..အားတိုင်းကောက်...
ဘာနေနေ ကျနော့်ကြောင့်...
ရေခဲသေတ္တာထဲသူတို့ထည့်ထားတဲ့..မှားလို့...ကျနော် ဝယ်ထည့်ပေးထားတဲ့..သူတို့နှစ်ယောက်သိပ်ကြိုက်ပါတယ်ဆိုတဲ့ စတော်ဘယ်ရီ....ကျနော်...တလုံးလေးပဲ စားမိတာပါ...ကျန်တာအကုန် မိုးကြိုးပစ်စေ့...သူတို့နှစ်ယောက်စားတာ...အဲ့တာလဲ မရဘူး....wuyifan ဆိုတဲ့ဝက် က အစားသောင်းကျန်းလို့ သူတို့နှစ်ယောက်မှာ မစားရပါဘူးပဲ
Ice.cream box တွေ ဝယ်ထည့်ပေးထားတယ်နော် တခါတလေများ ပျင်းပျင်းရှိလို့ ဖင်ကပ်လောက်ကျန်တာလေး လျက်စားမိပါတယ် ပြောမဆုံးတော့တာပါ...wuyifan က ဘယ်လို အလစ်သုတ်တုန်း စားတာ ဆိုတာမျိုး
တကယ် တကယ်
နှစ်ပတ်တခါလောက် baek arjima က ကျနော့်အတွက် လို့ ခေါင်းစဉ်တပ်ပြီး လာလာပို့တဲ့ ဟင်းတွေ ဂင်ချီတွေ...
လာပို့တဲ့တရက်ပဲ...arjima ရဲ့ ရှေ့မှာ သေချာချကျွေးတယ်...
ကျန်တဲ့ ရက်တွေဆို...အစကိုဖော်လို့မရတာ
ဖိုးလေးကို မေးလိုက်ရင် 'Hunnie လေးကြိုက်တယ်ဆိုလို့ ကျွေးလိုက်တာ ကုန်သွားပြီ'
ချာတိတ်မေးပြန်တော့'ဖိုးလေး စားချင်တယ်လို့ပြောနေတာကြားတယ်' ဆိုတာမျိုးတွေ
ဟူး...တကယ်ပါဗျာ
ဘာတဲ့ ပြီးတော့ ခေါင်းစဉ်တပ်သေးတာ ကျနော့်ကိုများ 'ဝက်ပုတ်'.. ဆန်းကြယ်လွန်းပါတယ်အခုက...
အဲ့ထက်...အဲ့ထက်...ဒေါသထွက်စရာကောင်းတယ်ဖြစ်ပုံက အစ က ဖိုးလေးက စတယ်
သူ့ဘဲဘဲ zhang yixing က သူ မူးလဲတဲ့နေ့ကတည်းက ကျနော်တို့အိမ်မှာလာနေတယ်
အဲ့နေ့ကတည်းက သူငယ်ပြန်ပြီး တမျိုးပြီး တမျိုး ဆိုးတာ ဆိုးတာ uncle xing အပေါ်ကို
ဟိုစောင်ကလေးက လဲ သူပြောသမျှလိုက်ပြောတယ် သူလုပ်တဲ့အတိုင်းလုပ်လိုက်တယ်
အရင်က ကျောင်းကပြန်လာရင် ice cream ဝယ်ခဲ့ပေးဦးနော် ဒီလောက်ပဲ
အခုက ဘယ်အရသာ ဘယ်ဆိုင်ကနော် ဘာထပ်ထည့်ဖို့ပြောပေး အဲ့ဒါမရရင် နောက်ဘယ်ဆိုင်ရှိသေးတယ် အာ....တရက်တရက် စောင်လုပ်တွေကိုရှုပ်နေရော....ဖိုးလေးကနှိပ်စက်လိုက်...ချာတိတ်ကနှိပ်စက်လိုက်နဲ့ကို
