"မသိဘူး နမ်းမှာပဲကွာ"
"ဟင့်အင်း...ဟင့်အင်း...မနမ်းနဲ့"
ပါးပြင်ကို နှုတ်ခမ်းနဲ့နမ်းရှိုက်တာမျိုးမဟုတ်ပဲ မုတ်ဆိတ်မွှေးတို.စ.စ နဲ့ လိုက်ပွတ်နေသည်
"ဟင့်...fanfan...ဆိုးလိုက်တာ....ဟင့်အင်းယားတယ်လို့...အင့်..ဖယ်.....ဖယ်...ပါဆို"
*ဝုန်း*
*အာ့*
အာ.....ကျနော်အိပ်မက်..မက်နေခဲ့တာပဲ
ကြမ်းပြင်ပေါ်မှ ကုတင်ပေါ်သို့ ကုန်းရုန်းပြန်တက်ရင်း စားပွဲပေါ်က နာရီကိုလှမ်းကြည့်မိတော့ 10:00 am"မားးးးးးးးးးး "
"Hun လေး ဘာဖြစ်တာလဲ"
"ဖိုးလေး...သားကိုဘာလို့လာမနှိုးတာလဲ"
အခန်းထဲကိုနောက်မှဝင်လာတဲ့မားက
"သားရယ်...အိပ်ယာနိုးနိုးချင်းကိုဘာတွေအော်နေရတာလဲ"
"သားကိုဘာလို့လာမနှိုးကြတာလဲလို့
အခုတော့ ဆယ်နာရီတောင်ထိုးသွားပြီ""Aww...ဘာများလဲလို့..."
"မားကလဲ...မနက်အစော...fanfan ဆီသွားမှာပါလို့ ပြောထားတာကို 😦"
ကျနော့်ကို ကုတင်ပေါ်က ဆွဲထူပြီး အိပ်ယာသိမ်းပေးနေတဲ့ မား က
"အမလေး ကိုယ်တော်လေးရယ်....မနက်စောစော ထမယ်ဆိုပြီး...ညက မအိပ်ပဲ ပြတင်းပေါက်နားမှာ သွားထိုင်ငိုနေတာဘယ်သူတုန်း"
"😥😥"
ဖိုးလေးက ကျနော့်ကိုအတင်းရေချိုးခန်းထဲတွန်းပို့ပြီး
"သွားသွား ရေချိုးတော့...သန့်သန့်လေးနဲ့မွှေးနေအောင် ပြင်သွားပြီး ဖိုးလေး မြေးကိုပြန်ခေါ်ခဲ့..ဟုတ်ပြီလား"
"Nae....😄"
##########################
ဘယ်လိုနေနေလွမ်းနေတာကခက်သည်
မတွေ့ရတာ 24 နာရီတောင်မပြည့်သေးပေမဲ့ အတော်နေရခက်နေပြီဖြစ်သည်
ဘီယာကို မူးမေ့အောင်သောက်ပြီး ကြိုးစားအိပ်ခဲ့ပေမဲ့လဲ...ရရှိနေကြ...ကလေးရဲ့ အနံ့လေးမရရှိသည်က မျက်လုံးတွေမှိတ်ချပြီးတားဆီးထားသည့်တိုင် မျက်ရည်တွေစီးကျစေသည်
