"Fanfan ကို ပြောရဲဘူးရှက်တယ်
ကျနော့်ကို နှာဘူးလို့ထင်သွားလိမ့်မယ်""အန်....ဘီလို...... ဘီလို"
"ဟုတ်တယ် fanfan ရယ်
ကျနော်လဲ စိတ်တွေညစ်ပါတယ်
ဒါမဲ့လဲ ကျနော့်မှာလဲ ပြောပြစရာ fanfan ပဲရှိတာ.😮"သူဘာတွေပြောချင်နေမှန်းမသိတော့လဲ
ကျနော် wuyifan... ချာတိတ်ရဲ့ မသိမသာလှုပ်ရှားသွားတဲ့ နှတ်ခမ်းလေးတွေရယ်
အနဲငယ်တွန့်ချိုးသွားတဲ့ မျက်ခမ်းလေးတွေရယ်ကိုပဲငေးမိနေတော့တာ"အဲ့အကြောင်းတွေမပြောပြခင် fanfan ကို ကျနော့်သူငယ်ချင်းတွေအကြောင်းပြောပြမယ်
ကျနော့်မှာ သူငယ်ချင်းနှစ်ယောက် ရှိတယ်
တယောက်က Kai တဲ့ တယောက်က Kyungsoo hyung တဲ့ "ကန်ဘက်ကိုမျက်နှာမူပြီး ဈေးဝယ်စာရင်းတွက်နေသလိုမျက်နှာပေးနဲ့ ပြောနေတဲ့ ချာတိတ် ကျနော့်ဘက် ရုတ်တရက်ကြီးလှည့်ပြီး ပြောလိုက်သည်က
"သူတို့နှစ်ယောက်က ထူးဆန်းတယ် fanfan ရဲ့
ကျနော်တို့ငယ်ငယ်လေးကတည်းက သူတို့နှစ်ယောက်က ချစ်သူတွေတဲ့ 😅"မျက်လုံးပြူးမျက်ဆံပြူးပြောပြရင်း ဘာတွေသဘောကျတယ်မသိ ရီနေပြန်ရော
"အာ့နဲ့ပြောဦးလေ သူတို့က ဘာပြောလဲလို့"
"အင်း ပြောပြမှာပါဆို
Kai ကပြောတယ်
sehun တဲ့ အိမ်ထောင်ပြုတယ်ဆိုတာတဲ့ မင်းလမ်းထိပ်မှာ ဝယ်ဝယ်သောက်နေကျ bubble တီးဆိုင်လိုမျိုး ဝယ်သောက်ပြီးခါမှ ဒီအရသာကြီးမကြိုက်လို့ပြန်လဲပေးပါဆိုပြီး သွားဂျီကျပြီးပြန်လဲခိုင်းလို့မရဘူးတဲ့
မယူခင် သေချာစဉ်းစားတဲ့""အွန် ဟုတ်တာတော့ဟုတ်ပါတယ်
အိမ်ထောင်က တခါပဲပြုရတာဆိုတော့
ဒါပေမဲ့ bubble tea က သွားလဲလို့ရလား အဲ့လိုဝယ်ပြီးခါမှ""ဟီးးးဟီး 😁 fanfan... ma နဲ့ပြန်မတိုင်ရဘူးနော်....အဲ့ဆိုင်က Heechul arjuishi က ma ကိုကြိုက်နေတာ"