"Gag Concert" ကိုကြည့်ရင်း တဟီးဟီးတဟားဟားနဲ့အော်ရီနေတဲ့ ဖိုးလေးကိုကြည့်ရင်း ကျွန်တော်နဲနဲတော့ချဉ်လာမိသည်
ဒါလား အသက် 60
သူ့ကိုယ်သူကလေးကျလို့
စားပွဲပေါ် ခြေဆင်းပြီး ဘေးကွက်လပ်မှာ မှီအုံးတွေပြည့်လို့
ဟာသမို့ရီပြီဆိုလဲ အဲ့မှီအုံးကိုတဘုံးဘုံးထုပြီးရီတတ်တယ်
Horror movie ကြည့်ပြီဆို အဲ့ မှီအုံးတွေနဲ့ ကွယ်ရတာမျိုး
တကယ် တကယ် 😒
ကျနော့် papa ပြောခဲ့ဖူးတာ သတိရတယ်
ကျနော့် အဖိုး WuYunho က နောက်ဆုံးချိန်ထိ သူ့သားကို တတွတ်တွတ်မှာသွားတာက"အဲ့ကောင် Suho ကို ဂရုစိုက်
ဘာမှသိတဲ့ဟာမဟုတ်ဘူး ကလေးသာသာရယ် ငါ အကုန်လုံးကိုစိတ်ဖြောင့်ပြီးထားသွားနိုင်တယ် ဒင်းပဲစိတ်မချတာကွ "ဆိုပြီး သူ့သားလက်ထဲ သူ့ညီကို အပ်ခဲ့တယ်တဲ့
ဟင်း ကျနော် ချဉ်တဲ့အကြောင်းက အခုမှစပ်ဆက်မိမှာ
ကျနော် တနေကုန် ကျောင်းလစ်ပြီး ချောင်ခိုပြီးတော့ကို ထိုင်စဉ်းစားကြည့်မိတယ် ကျနော်နဲ့ ဟိုချာတိတ်ကို ရွှေဂဟေဆက်ပေးမယ်ဆိုတဲ့ကိစ္စ
ဘယ်နဲ့ကြောင့် ချက်ချင်းလက်ခံရမတုန်း PCY ရဲ့ မျိုးဆက်ဆိုတာနဲ့
ကျနော်ရဲ့ ဘဝတခုလုံးနဲ့သက်ဆိုင်တဲ့ကိစ္စတခုကို သူ့crush ရဲ့ မျိုးဆက်ဖြစ်တာနဲ့ ယူရတော့မယ်ပေါ့ တကယ် အုန်း စားတယ်ဒီနေရာမှာ Wu အိမ်အကြောင်းနဲနဲပြောရလိမ့်မယ် ကျနော့် ဖိုးလေးဆိုတာက Wu အိမ်မှာ ဗိုလ်အကျဆုံး သူလိုတာမရရင် အမျိုးမျိုး power ပြပြီး မရရအောင် လုပ်တတ်တယ်ဆိုတာ ကျနော့်အမြင်ပဲ ကျနော့် papa သူရဲ့ တူ WuSiwon အပေါ် နိုင်သလား မမေးနဲ့ ကျနော့် appa Kyuhyun ကိုလဲ သူကနိုင်တယ် သူအောင်သွယ်လို့ papa နဲ့ appa က ညားရတာကိုး
ထားပါတော့ ဒါတွေက
သူ့အကို ကျနော့်အဖိုး yunho ကို နိုင်စားခဲ့တဲ့ အကြောင်းတွေဆိုတာ ကျနော့်ကို papa က အိပ်ယာဝင်ပုံပြင်တွေအစား အဲ့အကြောင်းတွေပြောပြခဲ့တာ
ဟူးးး.....အဲ့လိုဆိုတော့ ကျနော်အိမ်ထောင်ပြုရမဲ့ကိစ္စကို လွယ်လွယ်နဲ့တော့ အလွှတ်မပေးသင့် ဒီကိစ္စကိုအသေအချာ စီစစ်ရမယ်
ပြောမှဖြစ်မည် အခုဟာက သူ့ Crush ရဲ့ မျိုးဆက်ဆိုတာနဲ့ မြေးကိုအတင်းထိုးကျွေးနေတာ
ကျနော် မျက်နှာကိုခပ်တည်တည်ထားပြီး
