အသက်ကလေးက ရလာပြီဆိုပေမဲ့
ကျွန်တော်ဆိုသည့်အမျိုးကလဲလုပ်စရာမရှိရင် မနေတတ်တဲ့အမျိုး
ရိုးရိုးသားသား ပြောရရင် တနေ့တနေ့ အကြောင်းရှာပြီး အပြင်ထွက်ရမှ ကျေနပ်သူမျိုး😎စပ်စလူး byunbaek ကို အိမ်မှာနေရတာပျင်းတဲ့အကြောင်းပြောမိတာကနေ ဇာတ်လမ်းကစတာပဲ
အရင်တပတ်monday ကစပြီး မောင်နှမနှစ်ယောက် မုန့်ဖုတ်သင်တန်းရောက်သွားကြတယ်
သင်တန်းတက်ကြတာကတော့ တပတ်ပဲရှိသေးတာရယ်
အဲ့ဒါကို အဲ့ bacon စပ်စလူးက သူ့ရဲ့အစွမ်းတွေပြမယ်ဆိုပြီး အိမ်က ကလေးနှစ်ကောင်ကို Park အိမ်တော် ခေါ်သွားတာ မနေ့က ကတည်းက
အဲ့ဒါနဲ့ ကျနော်လဲ မနက်အစောထပြီး မုန့်တွေလုပ်နေတာ....ပြီးရင် xing ကိုခေါ်ပြီး Park အိမ်တော်ဘက်ကူးရမယ်လေ
WuSuho ကိုအဲ့လိုလာကြောလို့ရမလား ဟင်းဟင်း. 😎😎ချွေးပြန်မတက် စားပွဲပေါ်မှဂျုံတွေကိုအံကြိတ်နယ်နေတုန်း...xing တယောက် မီးဖိုခန်းဘက်ဝင်လာခဲ့တယ်
မှေးစင်းနေတဲ့ မျက်လုံးလေးတစ်ဖက်ဖွင့်ရက်နဲ့သာ ဆူပုတ်ပုတ်မျက်နှာပေးနဲ့ အိပ်ယာကအစောကြီးနိုးလာတဲ့ xing ကိုကြည့်ပြီး ကျနော့်မှာ speechless
ညကတည်းကဒီအဖိုးကြီးထူးဆန်းနေတော့တာ
အတင်းကြီးကို ညအိပ်ဝတ်ကိုဆင်တူတွေဝတ်ခိုင်း....ပြီးတော့ သူဝတ်ခိုင်းတာတွေကလဲ အရင်တပတ်ကမှ အဲ့အဖိုးကြီး online shopping က မှာထားတဲ့ဆင်တူဝတ်စုံအသစ်တွေ
မုန့်လုပ်နေတဲ့ ကျနော့်ရဲ့နောက်ကနေသိုင်းဖက်လိုက်ပြီး ဗိုက်သားကိုလက်နဲ့လာပွတ်တယ်
Aish* အသားတွေက တွဲကျချင်လာပါပြီဆို ဒီဗိုက်ကိုပဲလာလာပွတ်တယ်"Su....အိပ်ချင်တယ်ကွာ"
"အွန်..ဆက်အိပ်လေ...ကျနော်က မုန့်လုပ်ချင်လို့ထလာတာ"..
ဗိုက်သားပေါ်လျောက်ပြေးလျက်ရှိနေသော လက်ဖဝါးများက ပိုမိုတင်းကျပ်လာပြီး
"Arr...ကိုယ်က suho နဲ့အိပ်ချင်တာကို
တယောက်ထဲထားခဲ့တယ်ကွာ"
![](https://img.wattpad.com/cover/96686561-288-k798700.jpg)