ကျန်တဲ့အချိန်ဆို ကျနော်တို့သုံးယောက်ညှိလို့မရ
အခုလို တစုံတခုမလုပ်ခင် မုန့်စားကြဖို့ စီစဉ်ရင်တော့သုံးယောက်လုံးညီကြသည်
စာမေးပွဲပြီးတဲ့နေ့က မုန့်စားဖို့ တိုင်ပင်ခဲ့ ချိန်တုန်းကတောင် ကျနော် နဲ့ Kai ဆိုင်ရွေးရင်း အငြင်းပွားကြတော့ Kyungsoo Hyung စိတ်ဆိုးပြီး ထွက်သွားသေးတာ 😅
အခုလဲ အကသင်တန်း ကို အလာ နဲနဲစောနေသေးတာမို့ သင်တန်းနားက bakery တခုမှာ တညီတညွတ်တည်းမုန့်စားနေကြသည်
စားနေရင်း kimKai တယောက်တစခန်းထသည်"Hyung ကျနော့်ကို Valentine day လက်ဆောင်ဘာပေးမှာလဲ"
"Hyung သူ့ကိုမပေးနဲ့ ကျနော့်ကိုပေး"
"Ya..ya...မင်းဟာမင်း မင်းဘိုးတော်ဆီက တောင်းပါလား"
နှုတ်ခမ်းကြီးထော်ကာ အော်လာတဲ့ KimKai ကိုကြည့်ရင်း
ကျနော်တွေးမိတယ်
နှုတ်ခမ်းကြီးဆူလိုက်ရင် ဒီလောက် အမြင်ကတ်စရာကောင်းတဲ့ kimkai ကို ဘာကြောင့်များ ချစ်ဖို့ကောင်းတယ်လို့ kyungsoo hyung တယောက်ပြောပါလိမ့် 😌"Sehun ရော fanfan ကို လက်ဆောင်တွေဘာတွေပေးဖူးလား"
ထိုအခါ....မှ...တွေး...မိတယ်
"အင်း.....ကျနော် မပေးဖူးဘူး"
"လက်ဆောင်ဆိုတာက ပစ္စည်းမှမဟုတ်ဘူး
သီချင်းဆိုပြလိုက်တာမျိုး
တခုခုပေးတာ ဥပမာ...kiss ပေးတာမျိုး
အဲ့တာတွေကလဲ လက်ဆောင်ပဲလေ
ပေးဖူးလား""ကျနော်...မတွေးဖူးဘူး hyung"
"အင်း...အဲ့လိုဆို ပေးကြည့်လေ
လက်ဆောင်တခုခုလေ
အမှတ်တရလေးတွေဖြစ်တာပေါ့""ခေါင်းထဲမှာ bubble tea ပဲစဉ်းစားမနေနဲ့
ကြားလား သားလေး""Kaiya...pls...hyung ဒီမှာအကောင်းပြောနေတာကြီးကို အဲ့လိုမနောက်ပါနဲ့😖"
Kai ကို လှည့်ကာ ဆူနေတဲ့ hyung ကို kai တယောက်နှုတ်ခမ်းကိုဖြတ်ခနဲ နမ်းလိုက်တယ်
![](https://img.wattpad.com/cover/96686561-288-k798700.jpg)