စာလုံးရေ ရှစ်ထောင်နော်
ကိုယ့်ရဲ့ အချစ်တွေ မြင်ကြလား 😘
ဒီနေ့ကို April 12 လို့ မြင်ပေးကြ😪😍😍"Papa .....
Papa....
MeiMei ကို Ling လက်သည်းနဲ့ကုပ်တယ် 😢"ည၀တ် ၀တ်စုံဖြင့် အိပ်ခန်း ထဲ တစုံတခုရှာနေကာ အလုပ်ရှုပ်နေတဲ့ yifan တယောက် သူ့သမီးလေးကို တချက်သာ ငုံ့ကြည့်နိုင်ပြီး
"Imm pr...imm pr
Ma ရေချိုးဖို့ပြင်ပေးပြီးရင် Pa လာခဲ့မယ်နော်
MeiMei လေးက လိမ်မာပါတယ်
ညီမလေးနားနေလိုက်ဦး"ပြားကပ်ကပ်ဆံပင်နုနုလေးတွေက မော့ထားတဲ့ ဦးခေါင်းမှ လှုပ်ရမ်းကာနေလေတယ်
ဦးခေါင်းထိပ်ကို အသာပွတ်ပေးပြီး ချော့ကာပြောလိုက်တော့ ငိုမဲ့မဲ့လေးနဲ့ အခန်းထဲက ကော့ကော့ ကော့ကော့နဲ့ ပြန်ထွက်သွားတဲ့ အကြီးမလေး MeiMei
ထို အချိန် ရေချိုးခန်းတွင်းမှ
"Fanfan....ကျနော်...အေးနေပြီနော်
ကျနော်ဖျားရင် fanfan ကြောင့်ပဲ"ထိုအခါမှ လုပ်လက်စကို ပြန်သတိရသွားတဲ့ yifan တယောက် ဗီရိုထဲမှ အမွှေးဆီဘူးကို ယူပြီး
ရေချိုးခန်းထဲ ပြန်ပြေးရသည်"လာပါပြီကွာ....
ချာတိတ် မွှေးမွှေးလေးချိုးရအောင် အမွှေးဆီထည့်ပေးမလို့ကို"စွပ်ကျယ်ဂျိုင်းပြတ် ဘောင်းဘီတိုကို ၀တ်ဆင်ကာ bathtub တခုနှင့် အလုပ်တွေရှုပ်နေသော wuyifan
ရေအပူချိန်ကို လက်နှင့်စမ်းသည်က တဖုံ
အမွှေးဆီလေးကို ချိန်ဆထည့်ကာ ကုန်းကုန်းနမ်းရသည်က တဖုံ
ကျေနပ်ပြီ ဆိုကာ မှ ဘေးဘက်စင်ပေါ်က ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်တယ်ဆိုတဲ့ တရုတ်ပြည်မှ ဆေးရည်များကို ထည့်ကာ ကုန်းလိုက်ကွလိုက်နှင့်အလုပ်တွေရှုပ်နေရပြန်သည်"Yifan....မုန့်ဆိုင်က ဖူန်းဆက်တယ်..."
အောက်ထပ်က ပျံလွင့်လာတဲ့ ဖိုးလေးရဲ့ အသံကြောင့် yifan တယောက် ရေချိုးခန်းထဲက ပြန်ကုန်းအော်လေသည်
![](https://img.wattpad.com/cover/96686561-288-k798700.jpg)