"ပြန်လာဖို့ သတိလှမ်းပေးတုန်းက ဖုန်းတောင်မကိုင်ဘူး မဟုတ်လား"
ဖိုးလေးကိုမှီရင်း နားထောင်နေရသည်
"မကြားလိုက်လို့ပါ fanfan ရယ်"
ဖိုးလေးတယောက်ကတော့ ပါးစပ်က ဘာတွေမှန်းမသိ တိုးတိုး...တိုးတိုးနှင့် ရွတ်ဆိုပြီး ကျနော့်ခေါင်းပေါ်က ဆံပင်မွှေးလေးတွေသပ်သပ်ချသည်
"message ပို့တာလဲ အဖတ်မလုပ်ဘူးလေ"
"ဖုန်းကတနေရာမှာဆိုတော့မသိလိုက်တာနဲ့"
ကျနော်လဲပြောလိုက်ရော ဆန်ပြုတ်အိုးမွှေနေရာက ရပ်ပြီး..မျက်ထောင့်နီကြီးဖြင့်လှမ်းကြည့်ပြီး
"Kyungsoo ကို ဖုန်းလှမ်းဆက်ပြီး အကျီင်္ရေဆိုနေရင် ချက်ချင်းပြန်လာဖို့ပြောတာကျတော့ရော"
"ကျနော့်ကို noona တို့က မုန့်သွားစားမယ်လို့ဆက်ခေါ်..."
မီးဖိုကို ချက်ခနဲ ပိတ်လိုက်ပြီး ကျနော်နဲ့ ဖိုးလေး ရှိရာဆိုဖာနားသို့ကပ်လာကာ
"ရေဆိုဝတ်နဲ့ အကြာကြီးမနေရဘူး ဆိုတာမသိဘူးလား
ဟင် အခုတော့ဖျားပြီ မဟုတ်လား"ဘေးနားက ငြိမ်ပဲ ငြိမ်နေတဲ့ ဖိုးလေးကို လက်ကလေးနဲ့ အသာကုပ်ပြီး စစ်ကူတောင်းကြည့်တော့
"ဟာ...wuYifan မင်းကလဲ ကလေးကို ဆူ ....နေတာပဲ...ဖျားနေမှတော့...မပြောတော့နဲ့ နားတွေကိုညီးနေတာပဲ"
"ဟုတ်တယ် fanfan က မားထက် နားညီးတယ်"
ကျနော်နဲ့ ဖိုးလေးပြောလိုကိတာကြောင့်
"ဘာာာာာာာ"
"အေးပါ...ဟုတ်ပါတယ်...ကျုပ်ပဲမှားပါတယ်....#&#*%&$(($"
ပါးစပ်ကပွစိပွစိရွတ်ရင်း မီးဖိုခန်းဘက်တခါပြန်ဝင်သွားလေသည်
FanFan မရှိတော့မှ...ဖိုးလေးရဲ့ ခါးကိုဖက်ကာ ရင်ခွင်ထဲ တိုးကပ်ထားပြီး
"ဖိုးလေး.."
"ဟင်...မြေးလေး...ခေါင်းမူးလို့လား"