ဖန်စားပွဲငယ်ပေါ်က ရိုးရှင်းလှပတဲ့ ပန်းအိုးငယ်လေးက အိပ်ခန်းရဲ့အလှ ကို ပိုတင့်တယ်စေသည်
ဖန်စားပွဲငယ်ပေါ်မှ စိန်ပွင့်များသည် အခန်းမီးရောင်ဖြင့် တဖိတ်ဖိတ် လက်လျက်
တပွင့်ချင်းစီကောက်ယူကာ အရေးအသွေးနဲ့တန်ဖိုးတွေတွက်ချက်ရင်း အလုပ်တွေရှုပ်နေသည့် WuSuho
"ဖိုးလေး....သားပြန်လာပါပြီ"
အခန်းပြင်ဘက်က grandchild in Law လေးရဲ့ ခေါ်သံကို wusuho တယောက်မကြားနိုင်
သူ့ဘဝမှာ သူ့မိသားစုရယ် သူ့ရဲ့ xing ရယ်
လက်ဆယ်ချောင်းမပြည့်တဲ့ မိတ်ဆွေတွေပြီးရင် ဒီစိန်တွေကိုသူမြတ်နိုးရဆုံး"ဖိုးးးးလေးးးးးရေ......"
မြတ်နိုးရသည့်အကြောင်းက.....
Suho's pov
စိန်အရောင်းအဝယ်ဆိုတာက.... yunho hyung ရဲ့အလုပ်
နောက်ပိုင်းမိသားစုအကြောင်းတွေတခုပြီးတခု ဖြစ်လာတဲ့အခါ ဒီအလုပ်ကို တာဝန်ခနယူပေးရာမှ အခုထိ မစွန့်လွှတ်နိုင်တော့သည်အထိ
မြေးဖိုး နှစ်ယောက်တည်း တင့်တောင့်တင့်တယ်ဆက်နေနိုင်အောင် ကူညီပေးခဲ့တာကလဲ ဒီစိန်တွေကြောင့်ပဲဆိုတော့
xing က အနားယူပါ သူရှာကျွေးတော့မယ် ဆိုသော်ငြားလဲ မရပ်တန့်နိုင်ခဲ့
အတွေးတွေ လွန်ရင်း....နုားထဲမှာ အသံတခုခု ကြားမိလာသလို"ဖိုး.....လေး...ရေ...လို့.....သား ခေါ်ရတာမောလာပြီ"
အာ....ဈာန်ဝင်သွားတာနဲ့ ကလေးအိမ်ပြန်ချိန်ကိုမေ့သွားခဲ့လိုက်တာ
"လာပြီ...hun လေးရေ...."
အခန်းတံခါးဖွင့်ပြီး ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ဆူဆူပုတ်ပုတ်လေးနဲ့ ထိုင်လို့
"လာ.....hun လေး...ဖိုးလေးက အခန်းထဲ ရောက်နေလို့... "
အခန်းထဲ ထိုကလေးငယ် ဝင်လာသည်နှင့် ချိုချဉ်နံ့ shower နံ့လေးက သင်းခနဲ
Chanyeol ရဲ့ သားပေမဲ့ ပွင့်လင်းစွာ ပြောရရင် chanyeol နဲ့ သိပ်မတူလှ
သူ့ မာတာမိခင် puppyမ နဲ့ သိပ်တူလွန်းနေတာ
Sehun လေးဆီမှာ Chanyeol နဲ့ သွားတူတာဆိုလို့ အရပ်လေးတခုသာရှိလေသည်
အင်း မျက်ဝန်းလေးတွေ....ဖြူစင်မှု ရိုးသားမှုအပြည့်နဲ့ မျက်လုံးလေးတွေ...က ဆင်တူလွန်းပါတယ်
Hun လေးရဲ့ စိတ်ဓာတ်တွေ အမူအကျင့်လေးတွေက တော့ အံ့သြစရာကောင်းလောက်အောင် puppy မနဲ့ ချွတ်စွတ်တူလေသည်