Note
ခင်ဗျား တို့က vote ပဲပေးပေးသွားပြီး comment မပေးကြတာကို emerald က စိတ်မဆိုးပေမဲ့ emerald ရဲ့ အသဲ Jongin က စိတ်ဆိုးပါတယ်တဲ့ 😒😒Woah....လူတွေအများကြီး....အများကြီး....လူပင်လယ်ကြီးတခုလိုပဲ
သူတို့က ကျနော့်ကို ဝိုင်းကြည့်နေကြသလိုလို
ငင့်...ကျနော်တယောက်တည်းစင်ပေါ်ရောက်နေတယ် 😨
fanfan ရေ..ကျနော့်ကိုကယ်ပါဦး
ဖိုးလေးရော...ဘယ်မှာလဲ...MaMaရော?
ဒူးတွေအရမ်းတုန်နေပြီ သားကိုလာခေါ်ပေးကြပါတော့
ဟင်...သူတို့က တခုခုပြောနေကြတယ်..ဘာတွေပြောနေကြတာလဲ
ကြောက်တယ်လို့
စင်ကြီးကလဲထူးဆန်းတယ် အရမ်းကြီးမြင့်နေပြီး ဆင်းစရာလှေခါးလဲမတွေ့ဘူး😭
မျက်ရည်တွေကလဲ ဘာလို့ကျလာရတာတုန်း...အောက်ကဝိုင်းကြည့်နေကြပါတယ်ဆိုကာမှ
မရတော့ဘူး...kai ကျနော့်ကိုပြောပြောနေတဲ့ ကျနော်က သတ္တိကြောင်တဲ့သူဆိုတာ ကျနော်လက်ခံလိုက်တော့မယ်
ကျနော့်ခြေထောက်တွေခွေယိုင်လဲရတော့ပါမယ်
တွေးမိနေစဉ် ကွေးကျသွားတဲ့ ဒူးတဖက် နှစ်ဖက်စလုံးကွေးကျပြီး ရှေ့က လူစုကိုကြည့်နိုင်စွမ်းအားမရှိတော့လို့ ခေါင်းငိုက်စိုက်ထားမိတယ်
တစထက် တစ ပိုပိုကျယ်လောင်လာတဲ့ အသံတွေ...နားတွေအူလာပြီး...ခေါင်းထဲချာချာလည်ရင်း....ကျနော်ကြားချင်နေတဲ့ အသံလေးတခု နားစည်ထဲတိုးငြှင်းစွာကြားနေရတယ်....
ခေါင်းကိုဘယ်ညာခါယမ်းရင်း အာရုံထပ်စိုက်နားထောင်တော့
အင်း ဟုတ်တယ်...ကျနော့်ရဲ့ fanfan အသံ...အင်းပြီးတော့...ဖိုးလေး....mama လဲ ပြောနေတယ်....အားတင်းကာ ခေါင်းမော့ပြီး စင်အောက်လူအောက်ကိုကြည့်မိတော့ ကျနော်ချစ်ရတဲ့ fanfan တစုံတခုကို အားယူပြောဆိုပြီး မတ်တပ်ရပ်ဖို့ပြောဆိုနေသလို
ဘေးဘီကိုကြည့်မိတော့ ဖိုးလေးက လက်ကားယားခြေကားယားလုပ်ပြနေတယ် ဘာသဘောလဲ က ပြနေသလိုလို
MaMa ကိုကြည့်မိတော့ ခေါင်းပေါ်လက်တွေကွေးပြီး heart sign လုပ်ပြနေတာရယ်
ပါးစပ်အဟောင်းသားနဲ့ နားမလည်နိုင်တော့တဲ့ ဘာသာစကားတွေကိုအဓိပ္ပါယ်ပြန်ကြည့်နေရင်း တိုးညှင်းစွာလွင့်ပျံလာတဲ့ ကျွန်တော့်ရဲ့အကြိုက်ဆုံးသော exo's baby don't cry
သံစဉ်အလိုက် ခန္ဓာကိုယ်ကိုရွေ့လျားမိရင်း ခံစားမိတဲ့ မိုးဖွားလေးတွေ
မိုးစက်တွေကိုစိတ်တိုင်းကျခံယူရင်း သံစဉ်ဆုံးသည်အထိ စီးမျောရင်း ကခုန်မိသည်
သံစဉ်အဆုံး
ရေပြင်အလယ်ဒူးထောက်ထိုင်ရင်း လက်ခုပ်သံများကြားမိသည်ကြောင့် ရှေ့ဘက်ဝဲကျနေတဲ့ဆံပင်တွေတပ်သင်ရင်းကြည့်မိတော့ လူတွေအကုန်ကျတော့်ကိုကြည့်ရင် လက်ခုပ်တီးနေကြသည်
အံသြခြင်းများစွာနဲ့ မတ်တပ်ရပ်ကြည့်မိတဲ့အခါ ကျနော်တွေ့လိုက်ရသည်က ချိုသာလွန်းတဲ့ အပြုံးတခုကို မျက်နှာထက်ဆင်မြန်းပြီး ကျနော့်ဆီအပြေးလာတဲ့ ကျနော့်ရဲ့ FanFan❤
ပြေးလာပြီး ကျနော့်ကိုဖက်လိုက်သည်က အင့်ခနဲ fanfan ရဲ့ ပုခုံးပေါ်မေးတင်ရင်း အားပါးတရ ပြန်လည်ဖက်တွယ်လိုက်သည်
အင်း အားပါးတရပေါ့
အင်း တင်းတင်းကျပ်ကျပ်နဲ့ 😊
ထိုစဉ် 'ချာတိတ်'....'ချာတိတ်'
*အာ့*
'ချာတိတ်' 'နဲနဲလွှတ်ဦး အသက်ရှူကျပ်နေပြီလို့'
