အမှတ်မရချင်စရာ အမှတ်တရပေါင်းများစွာ ကျော်လွန်ပြီးသည့်နောက်မှာတော့ ကျနော့်နဲ့ ချာတိတ်တို့ ဂဟေဆက်ရမဲ့နေ့ကိုရောက်ရှိခဲ့တယ်
ဖိုးလေးက ဒီမင်္ဂလာပွဲအတွက်စတင်ဖန်တီးသူဆိုရင်
Uncle xing နဲ့ baek arjima တို့က ဖြစ်မြောက်အောင်ဆောင်ကျည်းပေးသူလို့သတ်မှတ်ရမှာပင်
ဖိုးလေးရဲ့ ရစ်နည်းပေါင်းမျိုးစုံကိုကျော်ဖြတ်ဖို့ uncle xing နဲ့ baek arjima တို့ ကူညီခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ အရင်သတ်မှတ်အချိန်အတွင်း ပွဲကျင်းပနိုင်ကြသည်သာ
ကျနော်တို့ wu အိမ်တော်မှာ လူစုံတွေ့ရပြီးတဲ့ ညနေကစပြီး မင်္ဂလာပွဲကိုတတ်နိုင်သမျှအမြန်ဆုံးဖြစ်ချင်သူက ကျနော် wu yifan ပါ
ချာတိတ်နဲ့ နီးစပ်ချင်တယ်ဆိုတာထက်ကို ဟိုဘက်ဒီဘက် အပြန်အလှန်ရစ်ကြောရှည်နေကြသည်ကို မမြင်ချင်တော့သည့်အတွက်ကြောင့်
တခုသော ညနေကလဲ မထင်မှတ်ထားသည့်ရန်ပွဲတခုဖြစ်သွားခဲ့သည်
အတိအကျပြောပြရရင် မင်္ဂလာမဆောင်ခင်ညနေဘက်အချိန်....
ဖိုးလေးနဲ့ arjima တို့ ဆုံးဖြတ်ချက်အရ
မည်သို့မည်ပုံ ဆုံးဖြတ်ကြသည် ကျနော်မသိပွဲနေ့မှာ...ကျနော်က အနက်ရောင်ဝတ်ဆင်ရမည်ဖြစ်ပြီး ချာတိတ်ကိုတော့ ခဲဖျော့ရောင် ဝတ်ဆင်ရမည်ဆိုကြသည်
ထို့အပြင် ဖိုးလေး၏ လျာတဖျုားရှည်ရမှ ကျေနပ်ချင်သည့်စိတ်ကြောင့်
ကျနော့်ဘက်က လူတွေအကုန် အနက်ရောင်ပါအောင်ဝတ်ဆင်ကြရမည်ဖြစ်ပြီး ချာတိတ်ဖက်က သူငယ်ချင်းတွေ ဆွေမျိုးတွေကိုတော့ ခဲရောင်ပါဝင်အောင်ဝတ်ဆင်ရမည်ဆိုသည်အစအနောက်သန်သည့် Tao ကိုပဲ အပြစ်တင်ရမလား
စွာလွန်းလှသည့် ချာတိတ်ကိုပဲ အပြစ်တင်ရမလား ကျနော် မသိခဲ့ကျနော့်အိမ်သို့ ထိုညနေက luhan နဲ့ အတူ Tao တယောက်ရောက်ချလာလေရဲ့
ကျနော့်ကိုတွေ့တွေ့ချင်း "ge" လို့ခေါ်ပြီး ကျနော့်ခွတက်ပြီးဖက်လိုက်တာကြောင့် ချာတိတ်တယောက် ပါးစပ်အဟောင်းသားနဲ့ငေးလို့
သူဝတ်ရမဲ့ဝတ်စုံကိုထုတ်ပြီး မနက်ဖန် ge နဲ့တူတူ ဆင်တူဝတ်ရတော့မယ် ဆိုပြီး ချာတိတ်ဘက် မျက်စောင်းထိုးပြောလိုက်ရာကနေ စလိုက်တဲ့ဇာတ်လမ်း....တကယ်ကို အမှတ်မရချင်စရာတွေပါဗျာ
