ဖိုးလေးရဲ့ ခိုင်းစေမှုကြောင့် လိုက်မသွားချင်ပေမဲ့လဲ ဒီစကားဝိုင်းထဲဆက်မနေချင်တော့မို့ အိမ်ထဲက ထွက်ခဲ့လိုက်တယ် ခြံတံခါးနားရောက်ခါနီးမှ
"WuYifan..."
"ဗျာ"
"ဒီမှာ မင်းကို စဆရက သွားလုပ်ခိုင်းတာမဟုတ်ဘူးနော် ပစ္စည်းအတင်အချ အကုန်ကူညီပေးလိုက်ပါ ပြီးတော့ ကလေးကိုစကားအပြောအဆို ညင်သာ ဟင်းဟင်း မဟုတ်လို့ကတော့နော် "သွားကြားထဲကလေသံနဲ့ လာခြိမ်းခြောက်နေတဲ့ ကျနော့် ဖိုးလေး
"ကျနော် သိပါတယ်ဗျာ
ဖိုးလေး သာ အကြီးလိုနေ ဟို arjima ကို ရန်သွားမရှာနဲ့"ကျနော်လဲအပြတ်ပြောပြီး လစ်ထွက်ခဲ့တော့တယ် နောက်ပြန်လှည့်ကြည့်တော့ မျက်စောင်းတချက်ကလွင့်ပြန်လို့
Park အိမ်တော်က ကုန်းမြင့်ပေါ်မှာ ရှိနေတာမို့ ကားကို အိမ်ရှေ့တည့်တည့်ထားမရ အိမ်အတွင်းထိ ထည့်ရင်ထည့်
မထည့်ရင်တော့ အိမ်အကွယ်ဘက် ကုန်းအနိမ့်ဘက်တွင်သာ ထားလို့ရတာမျိုး
ကျနော်လဲ ကုန်းအောက်မှာ အရံသင့်ဟိုကလေးကိုစောင့်နေလိုက်တယ်
မကြာပါဘူး ခြံတခါးဖွင့်သံလေးနဲ့ဆင်းလာတဲ့ကလေး"ဦးလေး လာ သွားရအောင်"
"ပေးလေ သော့"
"အန် ဦးလေး မောင်းမှာလား သားပဲမောင်းလိုက်မယ်လေ"
"မင်းက ငါ့ကို အသက်မပြည့်တဲ့ သူငယ်မောင်းတဲ့ကားကိုစီးမယ်များထင်နေလား
ကလေး ကလေးလိုနေစမ်း"ပြောရင်း ကိုယ်တောင်သတိလုံးဝမထားမိလိုက်ပဲ လက်က ဆက်ခနဲ ခေါင်းသွားပုတ်မိလိုက်တယ်
"ကလေးကို.... ဟိတ်ကောင် wuYifan...မင်းကိုငါ မှာထားတယ်လေ"
ကုန်းအကွယ်ကနေဘယ်အချိန်ကတည်းကချောင်းနေမှန်းမသိတဲ့ ကျနော့် ဖိုးလေး
"Imm လေ မှာတယ်လေ ဖိုးလေး ပဲ အပြောအဆို ဆင်ခြင်ဆို"
"မင်းနော်...စကားကို....အာရီဂူး ချစ်ပူတူးလေး လန့်သွားတာလား ဒီကောင့်ကို"
