No one's pov
"တော်လောက်ပြီ ချာတိတ်
Hyung ဘက်က အများကြီးလိုက်လျောပေးခဲ့တာကို အထွန့်မတက်တော့နဲ့
ကျောင်းဖွင့်တာပဲကြာနေပြီ ပညာရေးကိုထိခိုက်တာတွေများပြီ အကသင်တန်း မသွားရတော့ဘူး
တော်ရုံပဲ...ရပ်လိုက်တော့"အကြောင်းကိစ္စကို ဆွေးနွေးရင်း Fanfan ဆိုတဲ့ နာမ်စားသုံးရာကနေ hyung လို့တောင်ပြောင်းလာသည်
"ကျနော့် ကို တလလောက်ပဲ အချိန်ထပ်ပေးပါ
ဒီတလ လေ့ကျင့်ပြီးသွားလို့ ပြိုင်ပွဲဝင်ပြီးသွားရင်
ပုံမှန်အတိုင်းပြန်နေ.."ကုတင်ဘက်ကိုကျောပေးကာ ပြတင်းတံခါးဘက်ကို မျက်နှာမူထားရာမှ ဆန့်ကျင်ဘက်သို့ ပြန်လှည့်လာခဲ့ပြီး ကုတင်ပေါ်ခြေဆင်းထိုင်ကာ စကားပြောနေတဲ့ ကြက်ပေါက်ကလေးကို လက်မောင်းရင်းများအား.အားဖြင့်ဆုပ်ကိုင်ကာ မာန်ပါပါနှင့်
"အကြီးတယောက်က မင်းကို စကား အကုန်ပြောပြီး ဆက်မလုပ်ရတော့ဘူးလို့ တားမြစ်နေတာလေ...အကျိုးအကြောင်းကို ဘယ်နှစ်ခါအာပေါက်အောင်ပြောနေရမှာလဲ ဟမ်"
အသံခပ်ကျယ်ကျယ်လေး က ဖွင့်နေတဲ့ တံခါးပေါက် က နေလွင့်ပျံ့မှုကြောင့် တံခါးဝနား ကပ်လာတဲ့ အဖြူရောင်အလုံးလေး
စကားအဆုံးသတ်မှာ Yifan တယောက် sehun လက်မောင်းရင်းကိုအားနဲ့တချက်ညှစ်ပြီး တွန်းလိုက်သလို ဖြစ်တာကြောင့် ကုတင်ပေါ်သို့ ပက်လက်လန်သကဲ့သို့ ဖြစ်သွားသည်
ချက်ချင်း ပြန်ထ လိုက်ပြီး လက်အုပ်ချီသကဲ့သို့ လက်ကလေးများပူးကာ
"ကျနော်....ကျနော်....ကတိပေးပါတယ်
ကျောင်းပညာရေး မထိခိုက်စေရပါဘူး
ဒီတခါနောက်ဆုံးပဲခွင့်ပြုပေးပါ please"Yifan တယောက် စားပွဲနားက ကုလားထိုင်ကိုယူကာ Sehun နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်ယူလိုက်ပြီး မျက်နှာကိုစေ့စေ့ကြည့်ကာ
