ကျောင်းပိတ်ရက်ဖြစ်နေသည့်အတွက် ကျနော့်အတွက် အိမ်တွင်းပုန်းနေရုံသာ...အဲ့လိုကျနော်အိမ်တွင်းပုန်းဖြစ်နေရတဲ့အကြောင်းပြောမယ်ဆို...ဟိုလူတွေအကြောင်းအရင်ပြောပြမယ်ဗျာ
kyungsoo hyung ကတော့ သူဘယ်သွားသွား ကျနော့်ကိုခေါ်တယ်ရယ်...ဟိုကောင် jongin က သာ စိတ်တွေပုတ်ပြီး မခေါ်တာ...တကယ်တကယ်...တအားအံ့သြတာပဲ...သူဆိုတာ ကျနော့်သူငယ်ချင်းအရင်းကြီး...ငယ်ငယ်ကတည်းက ပေါင်းလာတာ...kyungsoo hyung ကိုဆို jongin ကြောင့်ခင်သွားရတာ...အဲ့တာကို hyung က သူ့ထက်ကျနော့်အပေါ်ကောင်းတယ်...ပိတ်ရက် အပြင်ထွက်လည်တာပဲ... ကျနော့်ကိုခေါ်တော့ဘာဖြစ်သွားမှာမို့လို့လဲ...တခေါက်ကတော့ မေးဖူးတယ်ဗျ...ဘာတဲ့...မင်းပါရင် ငါက hyung ကို နမ်းရင် ဘယ်လွတ်လပ်ပါ့မလဲတဲ့...အချိန်နေရာမရွေး ရှလူးတဲ့ကောင်ကများ...ကြီးကြီးကျယ်ကျယ်တွေပြောတာဆိုတာ...မတည့်ပါဘူးအဲ့ jongin နဲ့........
ဟိုအမတော်နှစ်ယောက်ကျတော့ရော...တွေ့လို့မှမျက်နှာချင်းမဆိုင်ရသေးဘူး ပြောကြတာ ပြောကြတာ ဆိုတာကျနော့်ကိုဆို အဖတ်မလုပ်ကြတော့ဘူး...ကျောင်းမှာလဲ သူတို့အတူတူထိုင်ပြီး အာလူးဖုတ်နေကြပဲကို...ဒါလဲအားမရဘူး...ထိုင်နားထောင်ရင်းပျင်းလာလို့ နဲနဲလေးလှုပ်ပြလိုက်တာနဲ့ ဝယ်ပေးပါလိမ့်မယ် bubble tea တို့ ဟို shake ဒီ shake တို့...အဲ့လိုမှမဟုတ်ပဲ သူတို့စကားပြောကောင်းနေတုန်း ဝင်လုပြောဖို့ မစဉ်းစားလိုက်နဲ့...ကျနော့်ခေါင်းပေါ် ခေါက်ခနဲ လက်ဆစ်တွေရောက်လာမယ်....
အဲ့လို အဲ့လိုလူတွေနဲ့ ရေစက်ပါနေမှတော့ ဘယ်အပြင်ထွက်ရပါတော့ပါ့မလဲဗျာ...
WuYifan ဆိုသည်မှာလဲ ကျောင်းကိစ္စများနဲ့ တချိန်လုံးရှုပ်နေတာ ဒီနေ့လဲ ကျနော်မနိုးခင်ကတည်းက သွားရတာရယ်"မြေးလေး...ငုတ်တုတ်ကြီး ဘာထိုင်လုပ်နေတာလဲ....ထ...ထ...စောင်ပုံထဲက ထွက်တော့...မျက်နှာသွားသစ်ချည်"