"အခုလို အမှတ်နဲတာ ကောင်းသလား ParkSehun"
"သား နောက်စာမေးပွဲကျရင်တော့ ဒိထက် အမှတ်ပိုများပါမယ်လို့ မားကို ကတိပေး..."
"တိတ်စမ်း...ပေးလိုက်တဲ့ကတိတွေဆိုတာ...ဟိုးငယ်ငယ်ကတည်းကပေးနေတာ...အောင်လိုက်ရင် အဆင့်က အမြဲ အောက်ဆုံးနား သူ့နောက်မှာ ငါးယောက်လောက်ပဲရှိတော့မယ်"
Hun လေးရဲ့ report card ကို byunBaek တယောက် မြင်မိပြီးကတည်းက အခုကဲ့သို့ဖြစ်နေခြင်းသာ
Puppy မ လက်ထဲတွင်လဲ ဘယ်နားထည့်ပြီး သယ်ခဲ့မှန်းမသိခဲ့တဲ့ တုတ်တချောင်း
ထိုတုတ်ချောင်းကို တရမ်းရမ်း ဖြင့် ဒင်းက ဆိုဖာပေါ်ထိုင်ကာ ဒင်းရှေ့ လက်ကလေးပိုက်ကာ မတ်တပ်၇ပ်နေ၇တဲ့ Hunnie လေးကို ပွားနေဆဲဖြစ်သည်"အော် အဲ့ဒါဆို hun လေး က ညည်းနဲ့ တူတာပဲ
သားလေး အားမငယ်နဲ့ မင်းမေမေ တုန်းကလဲ အဲ့လိုပဲ""Oppaaaaa....ဘယ်လိုတွေဖြစ်နေတာလဲ ဒီမှာ သားကိုဆုံးမနေတာလေ
ဘယ့်နှယ့်ကြောင့် ငယ်ကျိုးငယ်နာ လာဖော်နေတာလဲ"လက်ထဲက ကြိမ်လူံးကြီးတဝင့်ဝင့်လုပ်ပြီး နှုတ်ခမ်းတလန် ပန်းတလန်နှင့် byunBacon မ
"အော်....oppa က ငယ်ငယ်တုန်းက အကြောင်းတွေသတိရသွားလို့ပါ 😁
ဘာလိုအပ်နေလဲမှမသိတာ ကလေးကိုဖြေးဖြေးမေးတာပေါ့""အမလေး...oppa ရယ်
အခုထိ အထာမနပ်သေးဘူးလား?"ကျွန်တော်နှင့် byun baek ရှေ့ ကျုံ့ကျုံ့လေးထိုင်နေရရှာတဲ့ ကလေးရဲ့နားထင်ကို လက်ညှိုးနဲ့တွန်းတွန်းထိုးပြီး
"အားအားရှိ dance cover တွေပဲလိုက်ကြည့်နေတာလေ
စာမှမလုပ်တာ
ကဲ.... ပြောရင်းဒေါသကထွက်လာပြီ"*ဖြန်း* ခနဲ သော hunလေးပေါင်ပေါ်သို့ ရိုက်သံနှင့်အတူ
အသံမထွက်ပဲ တလိမ့်လိမ့် စီးကျလာသည့် hun လေးပါးပြင်ပေါ်က မျက်ရည်တွေ"ဟယ်...byunbaek ရယ် ကလေးကို မရိုက်ပါနဲ့ နာတာပေါ့...သနားပါတယ် ငါ့မြေးလေးကို
သူကတိပေးနေတာပဲ နောက်တခေါက်ကျ အမှတ်များစေပါ့မယ်တဲ့လေ"