Chapter (9) uni

4.7K 387 3
                                    

၁၅မိနစ်လောက်ကြာတော့ ရိပေါ် ရဲ့လက်နှစ်ဖက်ကို ရှောင်းကျန့်လွတ်ပေးလိုက်သည်။ဒေါသအကြည့်နဲ့သူ့ကို ကြည့်လာသောရိပေါ် ကို ရှောင်းကျန့်လည်း
ပြန်ကြည့်လိုက်သည်။

"အဲ့လောက်ဆို ရောဂါမြန်မြန်သက်သာမယ်ထင်တာပဲ၊ဆေးသောက်ရအောင်"

"ဒီပုံစံနဲ့ဆို ဒီကျောင်းကနေ မင်းမဟုတ်ရင်
ငါ တစ်ယောက်ယောက်က ထွက်သွားမှရမယ်"

ရိပေါ် စကားကြောင့် ရေခွက်ကို ရှောင်းကျန့်ပြန်ချလိုက်ပြီး လှည့်ကြည့်လာသည်။

"မင်းမထွက်သွားချင်ဘူးမလား ငါထွက်သွားမယ် အိမ်ကိုလည်း ငါပြန်မလာဘူး
ဒီလောက်ဆို မင်းပျော်လိုက်တော့"

ရိပေါ် ဆိုရင်း ကုတင်ပေါ် က ဆင်းဖို့
လုပ်တော့ လက်ကို ရှောင်းကျန့် ဖမ်းထားလိုက်သည်။

"မင်းဒီလောက်ထိ ကလေးဆန်မှန်း ငါမထင်ထားဘူး။အဘိုးအတွက် မင်းထည့်
မစဥ်းစားတော့ဘူးလား"

"အဘိုးကမင်းရှိရင်ရတယ် ငါမရှိလည်း
ဖြစ်တာမို့ "

ရိပေါ် ဘယ်လိုပြောပြော ရှောင်းကျန့်က
တော့ သူ့စကားကို မကြားဟန်ပြုပြီး
မသိသလိုသာနေလိုက်သည်။

"ရှန်ရှန် အခုတလော တစ်ခုခု မူမမှန်ဖြစ်နေတယ်လို့နင်မတွေးမိဘူးလား"

ဖုန်းကြည့်ရာမှ လုရင်းဒါ အသံကြောင့်
ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။

"နင်ဘာကိုဆိုလိုချင်တာလဲ ရှောင်းကျန့်ကိုလား"

"အင်း သူအခုတော်တော်ပြောင်းလဲသွားတယ်၊ပန်းစီးကိစ္စက သူမဟုတ်ပါဘူးဆိုပြီး
ငါ့ကိုသက်သေပြမယ်တဲ့၊ သက်သေပြနိုင်တဲ့နေ့ ငါကသူ့ကိုအဖြေပေးရမယ်တဲ့"

"အင်းလေ သူပြောတာမှန်နေတာပဲ"

ရှန်ရှန်ရဲ့စကားကြောင့် လုရင်းဒါ နှုတ်ခမ်းလေးဆူထော်သွားရသည်။

"ဒါပေမယ့် သူငါ့ကို မသိချင်ယောင်ဆောင်တာ တစ်ပတ်လောက်ရှိနေပြီး"

"နင့်အထင်ပါဟား သူက နင့်ကိုသက်သေမပြနိုင်သေးတော့ ရှောင်နေတာဖြစ်မှာပေါ့"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now