Chapter (14)

5.1K 439 11
                                    

Unicode

ဒီနေ့ကျောင်းပိတ်ရက်မို့ အတန်းခေါင်းဆောင်က ဦးဆောင်ပြီး
ကျောင်းသူကျောင်းသားတွေကို
ဂိမ်းကစားဖို့ လူစုနေကြသည်။

"ကဲ...လူစုံသွားပြီးဆိုရင် ငါတို့အခု
သရဲဂိမ်းအစီအစဥ်ကို စတင်လိုက်
ရအောင်"

"ရေး....ဖြောင်း...ဖြောင်း...ဖြောင်း.."

အတန်းခေါင်းဆောင်ရဲ့စကားကြောင့်
အားလုံးက သဘောကျကာ လက်ခုပ်တီး
အော်ဟစ်နေကြသည်။

"ငါတို့အခု သွားမယ့်နေရာတွေက ဘယ်သူမှမသွားဖူးတဲ့နေရာတွေဆိုတာ သိထားကြပါ။သုတေသနခန်းတွေ ၊စမ်းသပ်ခန်းတွေ
ဆေးဝါးပစ္စည်းခန်းတွေလည်း ပါတာမို့
အဲ့နေရာပစ္စည်းတွေ မဖျက်စီးရဘူး။
မဖျက်စီးမိအောင်လည်း သတိနဲ့နေရမယ်"

"သဘောပေါက်ပါပြီး"

အားလုံးက တစ်ပြိုင်တည်းဖြေရင်း
လက်ခုပ်တီးကြသည်။

"အိုခေ...သရဲဂိမ်းလေးစတင်ပါပြီး ကိုယ့်ဘေးနားက ဘယ်သူတွေပျောက်လည်း
သတိထားမိနိုင်ကြပါစေ"

လင်းအာက စုန်ဖေးကိုတစ်ချက်ကြည့်ပြီး
လက်မထောင်ပြလိုက်သည်။
ထိုနေရာသည် သစ်ပင်တစ်ချို့လည်းရှိပြီး
လျှပ်စီးမီးပါဖြတ်ထားတာကြောင့် အပြင်မှာလင်းတယ်လို့ ထင်ရပေမယ့် အဆောက်အအုံထဲမှာတော့ အတော့်ကို
မှောင်မဲနေသည်။ ကျောင်းနဲ့သိပ်မဝေးတာမို့ အားလုံးအတွက် စိတ်ကျေနပ်စရာဖြစ်သည်။

ရုတ်ခြည်းပဲ ဘယ်ကနေ ရောက်
လာမှန်းမသိတဲ့မီးခိုးငွေ့တွေက
ထိုအဆောက်အအုံတစ်ခုလုံး
ကို လွှမ်းမိုးသွားခဲ့သည်။

"အဟွတ်.. ဟွတ်..."

"လူစုမကွဲစေနဲ့"

အမှောင်ထဲကနေအတန်းခေါင်းဆောင်ရဲ့
အသံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရ
သည်။

"ရင်းဒါ"

ဓာတ်မီးတစ်လက်နဲ့ ဟိုထိုးဒီထိုးနေတဲ့
လုရင်းဒါ လက်ကို ရှန်ရှန် တုန်တုန်ယင်ယင်ပဲ ကိုင်လိုက်သည်။

"ရှန်ရှန်မ နင်ဘာဖြစ်နေတာလဲ"

"ရင်းဒါ နင်မကြောက်ဘူးလား ငါတော့
ချမ်းစိမ့်စိမ့်ဖြစ်လာသလိုပဲ"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now