part (13)

4.4K 374 26
                                    

Unicode

ရိပေါ် နိုးနိုးလာချင်း ညတုန်းက ပါတီပွဲအထိ ရှောင်းကျန့်ရောက်လာတာကို
သတိရသွားသည်။

မပက်သက်ချင်ပါဘူးဆိုတာကို ဘာလို့သူ့အကူအညီယူရပြန်ပြီးလဲ။ရိပေါ် တွေးရင်း
ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိသည်။ သူ့မှာညတုန်းက အလိုလိုနေရင်း ဘာလို့အိပ်ချင်မှန်းကိုမသိပေ။

ညတုန်းက အိမ်အထိပြန်လာပို့ပေးတာကို
ဆက်မတွေးချင်တော့တာမို့ စိတ်ပျက်
လက်ပျက်နဲ့ ရေချိုးခန်းထဲ ရိပေါ်
ဝင်သွားလေသည်။

"ဟေ့ ဒီနေ့ရာသီဥတုအခြေအနေ မကောင်းဘူးထင်တယ်"

"အင်း အမှားတွေတော့မလုပ်မိစေနဲ့နော"

တည်တင်းသောမျက်နှာနဲ့ ကားပေါ် က
ဆင်းလာတဲ့ ရိပေါ် ကိုကြည့်ပြီး
ဝန်ထမ်းတွေက တီးတိုးပြောဆိုနေကြသည်။

ရိပေါ် ဒေါသထွက်တဲ့နေ့ဆို သူတို့မှာ ပိုပြီးအမှားပိုလုပ်မိနေသည်။ဟိုကဒေါသထွက်လေလေ သူတို့ကအမှားပိုလုပ်လေ ။
အတွင်းရေးမှူးတောင် သူတို့သူဌေးဒေါသထွက်ရင် သေးပေါက်ချတတ်သည်။
သူတို့ခန့်မှန်းပုံအရဆို သူဌေးသည်
တစ်လမှာ တစ်ခါတော့ အကြီးအကျယ်
ဒေါသထွက်တတ်သည်။ လကုန်ခါနီး
တစ်ရက်နှစ်ရက်အလိုမှာဆို သူဌေးက
အမြဲတမ်း အကြီးအကျယ်ဒေါသထွက်တာမို့ တစ်ချို့တွေက လစာမပေးချင်ဘူးလို့တောင်ထင်နေကြသည်။

"ဟိုတစ်ယောက် စကပ်က တိုမနေဘူးလား၊ ကိုယ့်ပစ္စည်းကိုယ်သေချာသိမ်း"

"OMG!"

"လုလု ငါ ငါ့စကပ်ကနင်တို့လို ဒူးခေါင်းအတိပဲမလား"

"ချန်ချန် မငိုနဲ့ ၊မငိုလိုက်နဲ့ သူဌေးအကြောင်းနင်သိတယ်မလား။
ငါ ညနေကျရင် နင့်ကိုဟော့ပေါ့ခ်
ဝယ်ကျွေးမယ် မငိုလိုက်နဲ့နော"

လုလုဆိုတဲ့ကောင်မလေးသည် ချန်ချန်ကို
ငိုမှာဆိုးလို့ သူ့မှာမနည်းချော့ပြောလိုက်ရသည်။

ရှောင်းကျန့်ရဲ့မျက်နှာကိုပြန်ယောင်ရင်း
ရိပေါ် ဒေါသတွေက အခုထိ ငြိမ်မသွား
သေးပေ။ သူ့အလုပ်စားပွဲပေါ်က
ကော်ဖီခွက်ကို စိတ်တိုတိုနဲ့ ပစ်ချလိုက်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now