Chapter (7) uni

5.7K 440 3
                                    

စုန်ဖေးတို့အခုချိန်ထိ ဆေးရုံမှာရှိနေတော့
ရိပေါ် အဖော်မဲ့နေတာ တစ်ပတ်ရှိနေပြီး။
ဒီလိုနေ့တွေမထင်မှတ်ပဲရှိလာတော့
ရိပေါ် သေလောက်အောင် ပျင်းနေသည်။
စာသင်ခန်းမှာ ရှိမနေချင်တာကြောင့်
ခါတိုင်းသူတို့ထိုင်နေကျနေရာကို ရိပေါ်
ထွက်လာခဲ့သည်။

အဲ့နေရာမှာရှောင်းကျန့်တို့အဖွဲ့ကိုမြင်တော့ ရိပေါ်ခြေလှမ်းများတန့်သွားသည်။ရှောင်းကျန့်လည်း လင်းအာနဲ့ ရယ်ရယ်မောမော
စကားပြောနေတုန်း ကျိုးချန်အကြည့်ရောက်တဲ့နေရာကို သူပါလိုက်ကြည့်မိသည်။

ရိပေါ် ကတော့ သူ့တို့ကို ခပ်စူးစူးလေးတစ်ချက်ကြည့်ပြီး လှည့်ပြန်သွားသည်။

အရင်တုန်းက ဒီနေရာလေးမှာ သူတို့နှစ်ဖွဲ့သာထိုင်လေ့ရှိသည်။ရန်ဖြစ်လည်း ဒီနေရာ၊ စနောက်လည်း ဒီနေရာ ၊အမြဲတမ်း
ရယ်မောသံတွေ ဖုံးလွှမ်းနေခဲ့ပေမယ့်
အခုလိုကျတော့ တိတ်ဆိတ်လွန်းနေခဲ့သည်။

"စုန်ဖေးတို့ကိစ္စက မင်းတို့အရမ်းလွန်တယ်လို့မထင်ဘူးလား"

ရှောင်းကျန့်ရဲ့စကားကြောင့် လင်းအာတို့
အကြည့်က သူ့ထံစုပြုံရောက်လာသည်။

"ငါဆိုလိုချင်တာက သူတို့က သေနတ်အစစ်လို့ထင်ပြီး အခုလောက်ထိ ဖြစ်
သွားတာလေ။မင်းတို့ တောင်းပန်ဖို့
ဆန္ဒရှိလား"

"မင်းကလည်းကွား ဒီလောက်လေးနဲ့
ဘာမှမဖြစ်ပါဘူး၊နောက်ဆို ငါတို့
လည်းဆင်ခြင်ပါ့မယ်။ဘာလဲ
မင်းက စုန်ဖေးကိုကြိုက်တာလား၊
ချုံလုကိုကြိုက်တာလား၊ဝမ့်အန်ကို
ကြိုက်တာလား"

ကျိုးချန်က ထို့သို့ဆိုလိုက်တော့
ရှောင်းကျန့်က ခြေထောက်နဲ့
လှမ်းကန်လိုက်သည်။ လင်းအာနဲ့
ကျင်စန်းကတော့ ကျိုးချန်စကား
ကို ထောက်ခံနေတဲ့ပုံပေ။ဒီကောင်တွေ
စကားမလွန်ခင် ရှောင်းကျန့်လည်း
လုရင်းဒါဘက်ကို စကားလမ်းကြောင်း
လွဲလိုက်သည်။

" ဘာလဲ ဒီတစ်ခါတော့ သူရဲကောင်းက
တစ်ယောက်တည်းပါလား"

လွီယုံချင်းက ရိပေါ် ကိုကြည့်ပြီး သူ့လူတွေကိုပြန်ကြည့်လိုက်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now