part (19)

4.3K 359 14
                                    

Unicode

အဖိုးဝမ်က နေမကောင်းဘူးဆိုလို့ ရှောင်းကျန့်ပြန်ရောက်တာနဲ့ ဒီဘက်အိမ်ကို တန်းလာခဲ့သည်။အဖိုးကိုဆေးထိုးပေးပြီးလို့ သောက်ရမယ့်ဆေးပါပေးထားကာ ရေချိုးပြီးမှ သူနောက်တစ်ခါထပ်လာမယ်လို့ ဝမ်ဝမ်ကိုပါပြောထားခဲ့သည်။ဂျူတီကုပ်အဖြူလေးကို ညာလက်နဲ့ကိုင်ရင်း
အောက်ထပ်ကိုရှောင်းကျန့်ပြန်ဆင်းလာတော့ ခြံထဲကို ကားတစ်စီးဝင်လာတဲ့အသံကြားလိုက်ရသည်။အပေါ် ကုပ်ကိုညာလက်နဲ့ကိုင်ရင်းတစ်ဖက်လက်က ဖုန်းကိုင်ကာ ဝင်လာတဲ့ရိပေါ် ကိုမြင်တော့ ရှောင်းကျန့်ခြေလှမ်းများတန့်သွားသည်။ရယ်ရယ်မောမောနဲ့စကားပြောနေတဲ့ ရိပေါ် က အခုထိ သူ့ကိုမြင်သေး
ပုံမရပေ။

ရှေ့မကြည့်ပဲဖုန်းပြောရင်း အကျီ်အိတ်ထဲ တစ်ခုခုနှိပ်ကာ လျှောက်လာတဲ့ ရိပေါ် ကလက်ထဲက အကျီ်ကျသွားတာတောင် သိပုံမရပေ။

ရိပေါ် အကျီ်ကို ရှောင်းကျန့်
ကောက်ယူပြီး နောက်လှည့်ကြည့်တော့မှ သူ့လည်း အကျီ်ပြုတ်ကျသွားမှန်းသိလိုက်ရသည်။

ဖုန်း ကမန်းကတမ်းချလိုက်ပြီး သူ့ရှေ့ကဂျူတီကုပ်ကို ရိပေါ် ကောက်ယူကာ ရှောင်းကျန့်ကိုလှမ်းပေးလိုက်သည်။ရှောင်းကျန့်လည်း သူ့အကျီ်ကိုပြန်ယူပြီး ရိပေါ် အကျီ်ကိုပြန်ပေးလိုက်သည်။

ထိုအချိန် ဖုန်းဝင်လာတော့ ရှောင်းကျန့်
ကိုင်လိုက်ပြီး တစ်ဖက်လှည့်သွားသည်။ လက်မှာကိုင်ထားတဲ့ နားကြပ်ကျသွားတော့ အောက်ကိုမကြည့်ပဲ
ဖုန်းပြောရင်း ရှောင်းကျန့်ဟိုစမ်းဒီစမ်းလုပ်နေတာကိုမြင်တော့ ရိပေါ် မျက်မှောင်ကြုတ်သွားလေသည်။အောက်ကိုမကြည့်ပဲ အဲ့လိုလိုက်စမ်းနေတဲ့ ရှောင်းကျန့်ကို အသည်းတွေယားလာကာ
ရှေ့၅လှမ်းလောက်လှမ်းပြီး နားကြပ်ကို
ကောက်ယူကာ ရှေ့တည့်တည့်ကို ရိပေါ် ထိုးပေးလိုက်သည်။

အံ့သြမျက်ဝန်းလေးနဲ့သူ့ကိုမော့ကြည့်လာတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ် အကြည့်လွဲသွားသည်။

"ဒီနေ့ ဒီနားကြပ်ကို ခင်ဗျား ပြန်ယူအုံးမှာလား"

စိတ်မရှည်သောအသံနဲ့သူ့ကို ရိပေါ် ပြောလာတော့ ရှောင်းကျန့်နှုတ်ခမ်းသားတို့
ကော့တက်သွားလေသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now