Chapter (21)

5.2K 388 5
                                    

Unicode

ကျောင်းမှာ ရိပေါ် နဲ့ရှောင်းကျန့်စာအတူ
လုပ်တာမြင်တော့ ကျောင်းသူကျောင်းသားတွေက အံ့သြနေကြသည်။
သူတို့ကျောင်းတက်ခဲ့တဲ့တစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ် ဒီမြင်ကွင်းကို
မြင်လိုက်ရခြင်းဖြစ်သည်။

ရှောင်းကျန့်က ရိပေါ် ကို စာတွေအသေအချာရှင်းပြပေးကာ
ဘေးပတ်ဝန်းကျင်ကလူတွေကို
ယောင်လို့တောင် မကြည့်ပေ။
ဒါပေမဲ့ရှေ့က လူသားကိုထပ်ခါတလဲလဲ
ခိုးကြည့်ဖို့တော့ သတိရသေးပုံရသည်။

"ဝက်ပေါက်လေး "

ရိပေါ် က အာရုံစိုက်ပြီးစိတ်နစ်ကာ စာတွက်နေတာမို့ရှောင်းကျန့်အသံကိုမကြားပေ။

"ဝက်ပေါက်လေး ဝက်ပေါက်လေး
ကိုကို ခေါ် တာကြားရဲ့လား"

ရှောင်းကျန့်အသည်းတွေယားလွန်းလို့
ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်သည်။ပါးအဆွဲခံရလို့ နှုတ်ခမ်းလေး
ဆူထော်သွားတဲ့ ရိပေါ် ကိုကြည့်ပြီး
ရှောင်းကျန့် ပြုံးလိုက်သည်။

"ဟယ် သူတို့နှစ်ယောက်က ဘာတွေလဲ"

"ဟုတ်ပါ့ အရမ်းလိုက်ဖက်တာပဲ
ဒီနေ့ကစပြီး ငါတော့ သူတို့ Fan
ပဲလုပ်တော့မယ်"

"အယ် ငါလည်း ပါမယ်
ငါလည်းပါမယ်"

"နေကြပါအုံး ငါအရင်က သူတို့နှစ်ယောက်
အတွက် groupဖွဲ့ထားတာရှိတယ်၊We love zhanyiဆိုပြီးတော့လေ"

"နေပါဦး yizhanလား zhanyiလား"

"အဲ နင်ကြည့်ကြည့် ဝမ်ရိပေါ် က ခပ်တည်တည်နေတတ်ပေမယ့် သူ့ရုပ်ကိုကြည့်
တကယ့်ကလေးရုပ် ပါးဖောင်းဖောင်းလေးနဲ့ သိပ်လည်း ချစ်ဖို့ကောင်းတယ်
သူ့ရုပ်က ukeဖြစ်မယ့်ရုပ်ပါဟ"

"ဟုတ်တယ် ငါလည်းထောက်ခံတယ်
ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို
ငါတစ်ခါမြင်ပြီးပြီး သူက လုံးဝsemeရုပ်ဟ ။ပြီးတော့ ဝမ်ရိပေါ် ထက် ပိုရင့်ကျက်တယ် Daddyရုပ်လိုအမျိုးအစားဟ
ခိခိ"

"ကဲ အားလုံး သဘောတူတယ်နော"

"သဘောတူတယ်"

ဒီလိုနဲ့ကျောင်းသူတစ်စုကတော့ We love
zhanyi (zswwszd) ဆိုတဲ့group အောက်မှာ အလုပ်ရှုပ်နေကြတော့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now